လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေအတွင်း မြေယာစွန့်လွှတ်ခဲ့ရသည့် ဒေသခံ တောင်သူများအား မြေယာထောက်ပံ့ကြေး ကျပ်ငွေ သိန်း ၇၀၀၀ ကျော် ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာ အရ သိရသည်။ ဖေဖော်ဝါရီ ၃ ရက်နေ့မှ စ၍ ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် လယ်မြေ ၁ ဧကလျှင် ကျပ် ၁၂ သိန်း၊ ယာမြေ (ဦးပိုင်ပေါက်) ၁ ဧကလျှင် ကျပ် ၈ သိန်း၊ ယာမြေ (ဦးပိုင်မပေါက်) ၁ ဧကလျှင် ကျပ် ၃ သိန်းနှုန်းဖြင့် ထုတ်ပေးခြင်း ဖြစ်ကြောင်း၊ တောင်သူ ၃၆၉ ဦး၊ မြေဧက ၁၀၇၉ ဒသမ ၃၅ ဧက အတွက် ကျပ်ငွေ ၇၀၂၆ ဒသမ ၇၂ သိန်း ထုတ်ပေးပြီး ဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။