ထိုင်းရေတပ် အရာရှိလောင်းများ၏ လေ့ကျင့်ရေး ခရီးစဉ် တစိတ်တပိုင်း အဖြစ် တိုင်းရေတပ်သင်္ဘောများ မြန်မာနိုင်ငံ သို့ ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် လာရောက်မည် ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ ထိုင်းရေတပ် အရာရှိလောင်းများနှင့် အရာရှိ စစ်သည် ၆၉၅ ဦးသည် သင်္ဘော ၃ စီးဖြင့် ရောက်ရှိလာမည် ဖြစ်ပြီး သီလဝါ ဆိပ်ကမ်းတွင် ၅ ရက်ကြာမြင့်မည် ဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ထိုင်း-မြန်မာ ရေတပ် ချစ်ကြည်ရေး ဘော်လီဘော ကစားခြင်း၊ ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ရန်ကုန်အမျိုးသား သွေးလှူ ဘဏ်တွင် သွေးလှူဒါန်းခြင်း၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ပြည်သူ့ဥယျာဉ်တွင် သစ်ပင်စိုက်ပျိုးခြင်းနှင့် ဖေဖော်ဝါရိ ၂၃ ရက်နေတွင် သီလဝါ ဆိပ်ကမ်း၌ နှုတ်ဆက်ပွဲများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။