ပြင်သစ်ယဉ်ကျေးမှုဌာနနှင့် Dhamma Theatre West Inc. တို့ ပူးပေါင်း၍ The New Yangon Theatre Institute မှ စီစဉ် တင်ဆက်မည့် ခေတ်ပြိုင်မြန်မာ အမျိုးသမီးများ ပုံရိပ် ၂၀၁၄ ပြပွဲနှင့် ဆွေးနွေးပွဲကို ပြင်သစ်ယဉ်ကျေးမှုဌာနတွင် မတ်လ ၈ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ယင်းပြပွဲနှင့် ဆွေးနွေးပွဲတွင် မြန်မာနှင့် အရှေ့တောင်အာရှ နိုင်ငံများမှ အမျိုးသမီး အနုပညာရှင်များ၊ စာရေးဆရာမများ၊ ကဗျာဆရာမများ၊ ဂီတပညာရှင်များ၊ လူမှုရေးတက်ကြွလှုပ်ရှားသူများ၊ အသိပညာမျှဝေသူများ နှင့် ပါဖောမင့် အနုပညာရှင်များ ပါဝင် တင်ဆက်မည် ဖြစ်ကြောင်း The Yangon Theatre Institute မှ ဒါရိုက်တာ Ruth Pongstaphone က ပြောသည်။ ယင်း အစီအစဉ်၏ ရည်ရွယ်ချက်မှာ နိုင်ငံတကာမှ ယဉ်ကျေးမှု မတူသည့် အသက်အရွယ်စုံ အမျိုးသမီးများ အချင်းချင်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်၊ အချင်းချင်း မျှဝေနိုင်ရန် ဖြစ်ကြောင်းနှင့် ကိုယ်တိုင်ပါဝင် ဆွေးနွေးရန် ဖိတ်ခေါ်ထားသည်။ အသေးစိတ် သိရှိလိုပါက ဒါရိုက်တာ Ruth Pongstaphone ၏ e-mail: [email protected] နှင့် ဖုန်းနံပါတ် ၀၉ ၃၁၆၁ ၇၁၉၈ သို့လည်းကောင်း၊ တွဲဖက် ဒါရိုက်တာ ဒေါ်မေသက်ဇော်၏ e-mail : [email protected] နှင့် ဖုန်းနံပါတ် ၀၉ ၄၂၁၀ ၇၇ ၂၆၁ သို့ ဆက်သွယ်မေးမြန်းနိုင် ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။