ဒုတိယ ကမ္ဘာစစ်လက်ကျန် တယောက်စီး တိုက်လေယာဉ် စပစ်ဖိုင်းယား (Spotfire) များ မြန်မာနိုင်ငံတွင် ဒုတိယအကြိမ် ရှာဖွေရန် ဗြိတိန်နိုင်ငံသား လေယာဉ်မှူးဟောင်း မစ္စတာ ဒေးဗစ် ကန်ဒဲလ် (David Cundall) လာရောက်မည်ဟု သိရသည်။ ထပ်မံရှာဖွေမည့် နေရာမှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ပြေးလမ်းအနီး နေရာသစ်တခုတွင် တူးဖော်ရန် လေ့လာဆန်းစစ်မှုအသစ်များအရ သိရကြောင်း မစ္စတာ ကန်ဒဲလ်က BBC သတင်းဌာနသို့ ပြောထားသည်။ မြစ်ကြီးနား၊ ရန်ကုန် အပြည်အပြည်ဆိုင်ရာ လေဆိပ်နှင့် မိတ္ထီလာတို့တွင် မြှုပ်နှံထားသည် ဆိုသော စပစ်ဖိုင်းယား အစီး ၆၀ ကို ရှာဖွေရေးအတွက် မစ္စတာ ကန်ဒဲလ်နှင့် အဖွဲ့သည် ယမန်နှစ် ဇန်နဝါရီလက ပထမအကြိမ် လာရောက်တူးဖော်သော်လည်း မတွေ့ရှိခဲ့ကြပေ။ ယင်းလေယာဉ်များ ရှာဖွေရေး အကျိုးတူ သဘောတူ စာချုပ်ကို မြန်မာ အစိုးရ၊ ရွှေတောင်ပေါ် ကုမ္ပဏီအုပ်စုနှင့် ယင်းလေယာဉ်ရှာဖွေရေးကို စတင်ဆောင်ရွက်ခဲ့သူ မစ္စတာ ကန်ဒဲလ်တို့ ပူးတွဲ ချုပ်ဆိုထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။