မလေးရှားနိုင်ငံတွင် ဖေဖော်ဝါရီလ ၅ ရက်နေ့က လွှတ်တော်အမတ် ဒေါက်တာ အေးမောင်တို့အဖွဲ့ကို သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရန် ကြိုးပမ်းမှုအား စုံစမ်းစစ်ဆေးရန် ရဲတပ်ဖွဲ့က အထူးအဖွဲ့တဖွဲ့ ဖွဲ့စည်းပေးလိုက်ကြောင်း မလေးရှားမှလာသော သတင်းများအရ သိရသည်။ ယင်း လုပ်ကြံရန် ကြိုးပမ်းမှုတွင် နိုင်ငံရေး ပတ်သက်မှု ရှိမရှိ စုံစမ်စစ်ဆေးရန် အထူးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း၊ ယင်းအဖွဲ့ကို ကွာလာလမ်ပူ မူခင်းတပ်ဖွဲ့ အကြီးအကဲ ခါအီရီ အာရာဆာက ဦးဆောင်မည်ဖြစ်ကြောင်း၊ CCTV မှတ်တမ်းအပါအဝင် အထောက်အထား အမြောက်အမြားကို အခြေခံ၍ စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း သိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။