ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီး ဦးဝင်းထွန်းနှင့် အမေရိကန် နိုင်ငံ အကြီးတန်း ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Mr. Robert Cekuta တို့ ယမန်နေ့က တွေ့ဆုံကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။ ယင်းသို့ တွေ့ဆုံရာတွင် တွင်းထွက် သယံဇာတနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးရေး၊ စွမ်းအင် ရေနှင့် အစားအစာ လုံခြုံစိတ်ချရမှုနှင့် ရေရှည်ဖွံ့ဖြိုးရေး ကိစ္စရပ်များ၊ သယံဇာတ တူးဖော်ထုတ်လုပ်မှုများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး EITI (Extractive Industry Transparency Initiative) အဖွဲ့ဝင်နိုင်ငံအဖြစ် လျှောက်ထားရေး ကိစ္စ ရပ်များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စံနှုန်းများနှင့် ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများ၊ ဇီဝမျိုးကွဲ ထိန်းသိမ်းရေး လုပ်ငန်များ တွင် အမေရကန် မြန်မာပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။