ထိုင်းနိုင်ငံသို့ ပြေးဝင်ခိုလှုံလာသည့် ရိုဟင်ဂျာ ၁၃၀၀ ခန့်ကို ၎င်းတို့ နေရပ် မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်း ထိုင်းလူဝင်မှု ကြီးကြပ်ရေး ဗျူရိုမှ ရဲ ဒုတိယ ဗိုလ်ချုပ်ကြီး Pharnu Kerdlarpphon ၏ ပြောကြားချက်ကို ယနေ့ထုတ် ဘန်ကောက်ပို့စ်ထ် သတင်း တရပ်၌ ဖော်ပြထားသည်။ ထိုင်းနိုင်ငံသို့ ပြီးခဲ့သည့်နှစ် ဇန်နဝါရီမှ စ၍ ခိုးဝင် ရောက်ရှိလာသည့် ရိုဟင်ဂျာများကို ထိုင်းနှင့် မြန်မာ အာဏာပိုင်များ ပူးပေါင်းကာ ပြန်ပို့ရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပြန်ပို့ရာတွင်လည်း လူနည်းစု အကာအကွယ်ပေးရေး အဖွဲ့အစည်းများကိုလည်း ဖိတ်ကြားခဲ့ကြောင်း ၎င်းက ပြောသည်။ ထိုင်း နှင့် မြန်မာ အာဏာပိုင်များသည် နှစ်ဖက် အထောက်အထားများ ရယူကာ ပြီးခဲ့သည့် ၃ လက ပြန်ပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။