ထိုင်းနိုင်ငံမှ TOP ရေနံကုမ္ပဏီသည် မြန်မာနှင့် အင်ဒိုနီးရှား နိုင်ငံတို့တွင် ရေနံနှင့် ရေနံဓာတု လုပ်ငန်းများ လုပ်ကိုင်ခွင့်ရရန် မျှော်လင့်ကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ်ထ် သတင်းတရပ်တွင် ဖော်ပြထားသည်။ ယင်းကုမ္ပဏီ၏ အကြီးအကဲ Veerasak Kositpaisal က မြန်မာနိုင်ငံတွင် လုပ်ငန်း ၂ ခု လုပ်ကိုင်ခွင့်ရရန် တင်ပြထားကြောင်း၊ တခုမှာ သံလျင်မြို့တွင် တရက် ရေနံစည် ၄ သောင်းအထိ ထုတ်လုပ်မည့် လုပ်ငန်းတခု ဖြစ်ပြီး အခြားတခုမှာ ရေနံဓာတု ဆက်စပ် စက်ရုံတည်ဆောက်မည့် လုပ်ငန်း ဖြစ်ကြောင်း ပြောဆိုသည်။ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတို့တွင် ရင်းနှီးမြှုပ်နှံရန် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ အထိ သုံးစွဲရန် စီစဉ်ထားကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။