တောင်ငူမြို့ ၆ လမ်း၊ ဗဟိုဈေးကြီး အလယ်ပေါက်အနီးတွင် ယမန်နေ့ ညနေ ၆ နာရီ အချိန်က စတင်လောင်ကျွမ်းခဲ့ရာ ည ၇ နာရီခွဲခန့် တွင် အခြားဈေးရုံများသို့ မီးကူးစက်သွားပြီး ဈေးကြီး၏ ၈၀ ရာနှုန်း လောင်ကျွမ်းခဲ့ကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုကြောင့် ဈေးဆိုင်ခန်းပေါင်း ၁၁၉၉ ခန်း၊ ဈေးရုံပေါင်း ၁၈ ရုံ ဆုံးရှုံးခဲ့ကြောင်း၊ မီးလောင်မှု ဖြစ်စဉ်မှာ ဝိုင်ယာရှော့ဖြစ်ရာမှ လောင်ကျွမ်းခြင်း ဖြစ်နိုင်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ အဆိုပါ မြို့မဈေးကြီးသည် ၁၉၈၁ ခုနှစ်က အကြီးမားဆုံး လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး၊ ယခု အကြိမ်သည် ဒုတိယမြောက် အကြီးမားဆုံး မီးလောင်ကျွမ်းမှု ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။