ကုသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စတာ တောမတ်စ် အိုဟင်ကင်တားနားသည် မြန်မာနိုင်ငံသို့ ယမန်နေ့က ရောက်ရှိကြောင်း သိရသည်။ ၎င်းသည် အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်များနှင့်လည်းကောင်း၊ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) ရုံးခန်း၌ ဦးမင်းကိုနိုင်နှင့် အဖွဲ့ဝင်များနှင့် တွေ့ဆုံကြောင်း၊ ကုသမဂ္ဂသို့ အစီရင်ခံစာ တင်သွင်းရာတွင် ဒေသ၏ သမိုင်းကြောင်းနှင့် ဒေသခံများ၏ ခံစားချက်ကိုပါ ထည့်သွင်း စဉ်းစား ဂရုပြုသင့် ကြောင်း ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ကင်တားနားအား တိုက်တွန်းကြောင်း သတင်းများတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။