အမေရိကန် ကုန်သွယ်ရေးဘဏ်က မြန်မာနိုင်ငံတွင် လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာသည်။ ဘဏ်ဥက္ကဋ္ဌ ဖရက်ဟော့ချ်ဘတ်က အမေရိကန်ပို့ကုန် ကုမ္ပဏီများ ယှဉ်ပြိုင်နိုင်စွမ်း ရှိစေရန်နှင့် မြန်မာနိုင်ငံကို ကမ္ဘာ့စီးပွားရေး နယ်ပယ်ထဲ ပြန်လည်ဝင်ရောက်နိုင်ရေး အကူအညီပေးရန် ရည်ရွယ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ပိုမိုခိုင်မာ အောင် ဦးတည် လုပ်ဆောင်နေကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်း တရပ်၌ ဖော်ပြထားသည်။ ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာ နိုင်ငံတွင် အရပ်ဘက် အစိုးရ တက်လာပြီး နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာခြင်း နှင့် နိုင်ငံတကာ အသိုက်အဝန်းထဲ ပြန်လည်ဝင်ရောက်ရန် ကြိုးပမ်းလာခြင်းများကြောင့် အမေရိကန်က အနီးကပ်ပူးပေါင်း လုပ်ဆောင်လာခြင်း ဖြစ် သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။