တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာအို ဒုဝန်ကြီးချုပ်နှင့် အမျိုးသားကာကွယ်ရေး ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး Douangchay PHICHITH ၏ ဖိတ်ကြားချက် အရ ယမန်နေ့က လာအိုနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက် ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ခရီးစဉ်အတွင်း လာအို သမ္မတ၊ ကာကွယ်ရေးဝန်ကြီးတို့နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ တပ်မတော်ဆိုင်ရာများ ဆွေးနွေးမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ အလားတူ စင်ကာပူ ကြည်းတပ် ဦးစီးချုပ် Major General Ravinder Singh ၏ ဖိတ်ကြားချက်အရ ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် စင်ကာပူနိုင်ငံသို့ ဖေဖော်ဝါရီ ၁၀ ရက်နေ့က သွားရောက်ခဲ့ကြောင်းနှင့် နှစ်နိုင်ငံ တပ်မတော်ဆိုင်ရာများ၊ ဆက်ဆံရေး တိုးမြှင့်ရန် တို့ကို ဆွေးနွေးကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။