ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူ မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ က ရခိုင်ပြည်နယ် မောင်တော ပဋိပက္ခ ဖြစ်စဉ် အတွက် လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန် တိုက်တွန်းလိုက်ကြောင်း CNA သတင်းတရပ်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် လက်ရှိ အခြေအနေအထိ လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်မှု ကြီးမားနေဆဲ ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲမှု တချို့ရှိသော်လည်း ဘာသာရေး အခြေခံဖြစ်ပွားသည့် ရခိုင်ပြည်နယ် အရေးကို အလေးထား ကိုင်တွယ်ဖြေရှင်းရမှာ ဖြစ်ကြောင်း၊ မြန်မာ အစိုးရ အနေဖြင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် တိုင်းရင်းသား လူနည်းစုများ အရေးကို ဖြေရှင်းရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်မှာ ဖေဖော်ဝါရီ ၁၃ မှ ၁၉ ရက်နေ့အထိ ဖြစ်ပြီး၊ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ မုံရွာကြေးနီ တူးဖော်ရေး လုပ်ငန်း၊ သီလဝါ ရေနက် ဆိပ်ကမ်းများသို့ သွားရောက် လေ့လာမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ ဆိုင်ရာ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို မတ်လ ၁၇ ရက်နေ့တွင် ကုလသမဂ္ဂသို့ တင်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။