မတ်လ ၂၄ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ (World TB Day 2014) ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း တီဘီစီမံချက်မှ ကြီးမှူး၍ ဆောင်းပါးပြိုင်ပွဲ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ “တီဘီရောဂါ ပပျောက်ရေး၊ တယောက်မကျန် စစ်ဆေးကုသပေး” ခေါင်းစဉ်ဖြင့် ရေးသားရမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း တီဘီစီမံချက်၊ အမှတ် ၂၄၉၊ သိမ်ဖြူလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်သို့ လိပ်မူ၍ မတ်လ ၇ ရက်နေ့ နောက်ဆုံးထား ပေးပို့ကြရန် ကြေညာထားသည်။ အသေးစိတ် သိရှိလိုပါက ဖုန်း – ၃၇၈၈၆၃၊ ၃၉၄၁၄၁ လိုင်းခွဲ ၁၁၃ နှင့် ၀၉ – ၅၀၉၇၄၇၂ သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။