ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ပြေးဆွဲလျက်ရှိသော ခရီးသည်တင် ဟိုင်းလပ်ယာဉ်ငယ်များ ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ အထိသာ ပြေးဆွဲခွင့် ပြုမည်ဖြစ်ကြောင်း မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်၏ ပြောကြား ချက်ကို ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ သတ်မှတ် နယ်နိမိတ်အဖြစ် ပဲခူးဘက်မှ လာသော ခရိးသည်တင် ဟိုင်းလပ်ယာဉ်များ အတွက် ပဲခူးလမ်းကြီးပေါ် ထောက်ကြန့်မြို့ရှောင်လမ်း၊ ယာဉ်လိုင်း ၅၁ ဂိတ် အနီးအထိ လည်းကောင်း၊ တိုက်ကြိးမှော်ဘီဘက်မှ လာသော ခရီးသည်တင် ဟိုင်းလပ်ကားများ အတွက် ပြည်လမ်းကြီးပေါ် ထောက်ကြန့်အဝင် လှော်ကားသဘာ၀ ဥယျာဉ် လမ်းခွဲအနီးအထိ လည်းကောင်း သတ်မှတ်ထား ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။