• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Ethnic Issues

စစ်ဘေးရှောင် ဒုက္ခသည်များ အနာဂတ် မရေရာသေး

by နန်းဆိုင်နွမ်
18 February 2014
in Ethnic Issues
A A
ဒုက္ခသည်, အနာဂတ်, တိုင်းရင်းသား, ငြိမ်းချမ်းရေး, ပြည်တွင်းစစ်

ကချင်ဒုက္ခသည် မိခင်နှင့် ကလေးငယ် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

3.3k
VIEWS
Share on FacebookShare on Twitter

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ အပစ်အခတ် ရပ်စဲရေးမူကြမ်းကို သဘောတူညီထားသော်လည်း လက်ရှိအခြေအနေအထိ တပ်ချင်းထိတွေ့မှုများ ဆက်လက်ရှိနေသောကြောင့် ပြည်တွင်း၊ ပြည်ပမှစစ် ဘေးရှောင် ဒုက္ခသည်များသည် နေရပ်များသို့ပြန် ရန် အခက်အခဲ ဖြစ်နေသည်။

ယခုရက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မတော်  (KIA)၊ ပလောင် (တအာင်း) အမျိုးသားလွတ် မြောက်ရေး တပ်မတော် (TLNA) နှင့် အစိုးရတပ် တို့ တပ်ချင်းထိတွေ့ပြီး ပစ်ခတ်မှုများ ဆက်တိုက်ဖြစ် ပွားနေသည်။

RelatedPosts

မြန်မာအရေး အာဆီယံ ဆောင်ရွက်ချက်တွေအပေါ်  NUG ဝေဖန် (ရုပ်/သံ)

မြန်မာအရေး အာဆီယံ ဆောင်ရွက်ချက်တွေအပေါ် NUG ဝေဖန် (ရုပ်/သံ)

17 July 2025
30
စစ်တပ် လေယာဉ်ဗုံးထုတ်လုပ်ရေး တရုတ်ပံ့ပိုး (ရုပ်/သံ)

စစ်တပ် လေယာဉ်ဗုံးထုတ်လုပ်ရေး တရုတ်ပံ့ပိုး (ရုပ်/သံ)

17 July 2025
32
ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

17 July 2025
401

နေရာအနှံ့ ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင် ဒုက္ခသည်များ မိမိနေရပ်ပြန်ရန် အတွက် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ လုံ ခြုံမှု မရှိသေးသဖြင့် အခက်အခဲများစွာ ရှိနေကြောင်း သိရသည်။

“အထက်ကတော့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု တွေ လုပ်နေကြတာပဲ။ ဒီရက်ပိုင်းမှာ စစ်ပွဲတွေက လည်း ဆက်တိုက်ဖြစ်ပွားနေတယ်။ငြိမ်းချမ်းရေး ဆွေးနွေးကြရင် ကျနော်တို့ အားလုံးက အိမ်ပြန်ချိန် နီးလာပြီဆိုပြီး ပျော်လိုက်။ နောက်တိုက်ပွဲက ပြန် ဖြစ်တော့ မျှော်လင့်ချက်တွေ ပြန်ပြန်ပျက်သွားတယ်”ဟု ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ရှိ ရောဘတ် စစ်ရှောင်စခန်းမှ ဦးတူးဂျာက ဧရာဝတီသို့ ပြော သည်။

တိုက်ပွဲများပြီးဆုံးကာ မိမိနေရပ်တွင် မိမိလယ် ယာများဖြင့် ပျော်ရွှင်စွာပြန်လည်လုပ်ကိုင်လိုကြောင်း၊ တိုက်ပွဲကြောင့် လယ်ယာများ ပျက်စီးမှုကြောင့် ပြန် လည် ထူထောင်ရန် အချိန်၊ ငွေကြေးများ လိုအပ် ကြောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်သည့်အခါ တွင်လည်း ပြည်သူများ၏ ဒုက္ခကိုကြည့်ကာ ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်ရန် မျှော်လင့်ကြောင်း ဦးတူးဂျာက ဆက်ပြောသည်။

မြန်မာအစိုးရ မန်စီတလျှောက်ရှိ သစ်မှောင်ခို လုပ်ငန်းများကို စီမံချက်အရ ရှင်းလင်းရာမှ KIA နှင့် အစိုးရတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊တိုက်ပွဲ များကြောင့် စစ်ရှောင်ဒုက္ခသည်များကို သွားရောက်ကူညီရန် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများစွာ ရှိကြောင်း၊ ဒုက္ခသည်များအားလုံး နေရပ်ပြန်ချင် သော်လည်း ပြန်ရန်ခက်ခဲနေသေးကြောင်း ကချင် ပြည်နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည်များကို ကူညီ ဆောင်ရွက်ပေးနေသည့် ကရုဏာလူမှုကူညီရေးအဖွဲ့ မှ ကိုနော်ဒင်းက ဧရာဝတီသို့ ပြောသည်။

“ဒုက္ခသည် အားလုံးကတော့ အိမ်ပြန်ဖို့ အား တင်းနေကြတယ်။ စစ်ကလည်း နေ့တိုင်းဖြစ်တော့ သူတို့ မျှော်လင့်ချက်တွေ ပျက်သွားတယ်။ ကျနော့် အနေနဲ့ကတော့ တိုက်ပွဲတွေ မြန်မြန်ပြီး ပြီး အားလုံး အရင်လို မိမိနေရပ်ပြန်နိုင်ဖို့အတွက် ဆုတောင်း နေပါတယ်”ဟု ကိုနော်ဒင်းက ဆိုသည်။

ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ဦးစန်းအောင်ကလည်း ငြိမ်းချမ်းရေး တည်ဆောက် သည့်အချိန်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားမှု ကြောင့် ငြိမ်းချမ်းရေး ပျက်ပြယ်နိုင်ကြောင်း၊ အစိုးရ တပ်မှ ပြောင်းလဲမှုမရှိလျှင် ငြိမ်းချမ်းရေးအတွက် ခက်ခဲနိုင်ပြီး တနိုင်ငံလုံး အတိုင်းအတာအထိတိုက်ပွဲ များ ပြန်လည်ဖြစ်ပွားနိုင်ကြောင်း၊ ညှိနှိုင်းလုပ်ဆောင် သင့်ကြောင်း ပြောသည်။

အစိုးရ ပြည်ထောင်စုအဆင့်ကိုယ်စားလှယ်များ နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များမှကိုယ် စားလှယ်များသည် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဆွေးနွေးပွဲများတွင် သဘောတူညီချက်များလက်မှတ် ရေးထိုးခဲ့ကြသည်။

ထို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ပူးတွဲစောင့်ကြည့်ရန် Joint Monitoring Committee ဖွဲ့စည်းရေး၊ အစိုးရ၏ တပြည်လုံးအပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲတွင် အားလုံးပါဝင် လက်ခံနိုင်သော ဆွေးနွေးပွဲ ဖြစ်လာရန် နှစ်ဦးနှစ် ဖက် ပူးပေါင်းဆောင်ရွက်သွားရေး၊ ငြိမ်းချမ်းရေး ပျက်ပြားစေမည့် ပြဿနာရပ်ကိုတွေ့ကြုံ၍တိုင်ကြား လာပါက လက်ခံအရေးယူဖြေရှင်းပေးရန်၊ စစ်ဘေး ရှောင် ပြည်တွင်းဒုက္ခသည် (IDP) များအတွက် စံပြ ကျေးရွာ တည်ထောင်ပေးရန်၊ မြေမြှုပ်မိုင်းများ ရှင်း လင်းရေးအတွက် နှစ်ဖက်တာဝန်ရှိသူများ ပူးတွဲ ဆောင်ရွက်သွားရန် သဘောတူညီကြောင်း သိရ သည်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ဦးလှ မောင်ရွှေက “ဒုက္ခသည်တွေ ပြန်လာဖို့အရေးကို အစိုးရနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ဆွေးနွေးပြင်ဆင် နေကြပါတယ်။ အပစ်ခတ်ရပ်စဲပြီး နယ်မြေအေးချမ်း ရန်တော့ ဒုက္ခသည်တွေကတော့ ပြန်လာကြမှာပါ”ဟု ပြောသည်။

ကရင်နီဒုက္ခသည်များကို ကယားပြည်နယ်၊ ရှားတောမြို့နယ်၊ မယ်လယု စံပြကျေးရွာတွင် ပြန် လည် နေရာချပေးမည်ဖြစ်ကြောင်းနှင့် ပြန်လည် အခြေချသူများကို ထောက်ပံ့စရိတ်များ ပေးအပ်ရန် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ကယားပြည်နယ်အစိုးရတို့ ညှိနှိုင်းနေကြောင်း KNPP မှ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြော သည်။ “ဒုက္ခသည်တွေအတွက် အိမ်ခြေ ၅၀ဆောက် ပေးဖို့၊ ၃ နှစ်စာ ထောက်ပံ့ကြေးပေးဖို့တွေ၊ မိုင်းရှင်း လင်းရေးကိစ္စတွေလုပ်ဆောင်နေပါတယ်”ဟုဗိုလ်မှူး ကြီး ဘုန်းနိုင်က ဆိုသည်။

ထိုင်း-မြန်မာ နယ်စပ်၊ မယ်ဟောင်ဆောင်မြို့၊ နန်းဆွယ်ရွာမှ ကျောင်းဆရာမ ဒေါ်ဖြူဝင်းနော်က “ကျမတို့ ဒုက္ခသည်တွေကတော့ အလုပ်အကိုင်အခွင့် အလမ်းတွေ နေစရာနေရာတွေ ချပေးမယ်ဆိုရင် တော့ မြန်မာပြည်ကို ပြန်ကြမှာပါ” ဟု ပြောသည်။

ထိုင်း-မြန်မာ နယ်စပ် အုန်းဖျန် ဒုက္ခသည်စခန်း မှ ကိုအောင်ခိုင်ကမူ မြန်မာ့နိုင်ငံရေး အခြေအနေ သည် အပြောင်းအလဲရှိလာသော်လည်း အကျိုးသက် ရောက်မှု မခံစားရသေးကြောင်း၊ မြန်မာပြည်ကို ပြန်ရန်လည်း ဆုံးဖြတ်ချက် မချနိုင်သေးကြောင်း၊ မြန်မာပြည်ပြန်လျှင်လည်း မိမိအတွက် လုံခြုံရေးစိတ် မချရသေးကြောင်း၊ မြေမြှုပ်မိုင်းကိစ္စလည်း မည်သူမျှ အာမခံချက်မပေးသဖြင့် မြန်မာပြည်ပြန်ရန် အခက် အခဲရှိကြောင်း ဧရာဝတီသို့ ပြောသည်။

သူက ဆက်လက်၍ “မြန်မာပြည်ပြန်ဖို့ကလည်း မဖြစ်နိုင်သေးဘူး။ ဒုက္ခသည်တွေကို ထောက်ပံ့နေမှု တွေ၊ ရိက္ခာတွေ လျော့ချတော့ အစားအသောက် အတွက် အခက်အခဲကြုံရတယ်။ စခန်းမှာ စိတ်ပိုင်း ဆိုင်ရာ ပျက်စီးလာကြတယ်။ ပြီးတော့အမေရိကန်က ခေါ်တဲ့ တတိယနိုင်ငံထွက်ဖို့လည်း မျှော်လင့်ချက် မရှိတော့ဘူး” ဟု ဆိုသည်။

ဒုက္ခသည်များ နေရပ်ပြန်ရာတွင်ပြန်လည်ဖွံ့ဖြိုး ရေးအတွက် အစိုးရအနေဖြင့် ၃ နှစ်စာ ထောက်ပံ့ ပေးရန်၊ နေထိုင်စရာများ စီမံဆောင်ရွက်ပေးရန်၊ ငြိမ်းချမ်းရေး ဖော်ဆောင်သည့်အခါတွင်လည်း ဒုက္ခ သည်များအရေး ထည့်သွင်းစဉ်းစားပေးရန် ဒုက္ခ သည်များက တောင်းဆိုကြသည်။

“TBBC (ထိုင်း-မြန်မာ နယ်စပ် တလျှောက်ကူ ညီ စောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့) ကတဆင့် ရိက္ခာ အဖွဲ့ကနေ ဒုက္ခသည် တဦးကို တလအတွက် ဆန် ၁၂ ကီလိုပေးတယ်။ ဒီအရင်က အဲဒီထက်ပိုများ တယ်၊ အခု နောက်ပိုင်းကျတော့ တဦးကို ဆန် ၈ ကီလိုပဲ ပေးတော့တယ်၊ ဒါတောင် ဒုက္ခသည်မိသားစု တိုင်း အပြည့်မရကြဘူး” ဟု ကိုအောင်ခိုင်က ပြော သည်။

ဒုက္ခသည်စခန်းများအကြောင်း သုတေသနပြု နေသည့် အမေရိကန်နိုင်ငံသူ  မာရီယာက ထိုင်း-မြန်မာနယ်စပ်တွင်နေထိုင်သည့် ဒုက္ခသည်များကို ရိက္ခာလျှော့ချလိုက်ပြီးနောက် ဒုက္ခသည်တချို့သည် မိမိနေရပ်သို့ပြန်ကာ ဆွေမျိုးများထံတွင် နေထိုင်ကြ ကြောင်း၊ တတိယနိုင်ငံသို့သွားရန် ဒုက္ခသည်အဖြစ် လာရောက်နေထိုင်သူများလည်း နေရပ်သို့ပြန်ကြ ကြောင်း ဧရာဝတီသို့ ပြောသည်။

နယ်စပ်ဒေသ အကူအညီပေးရေး ညွန့်ပေါင်း အဖွဲ့ (The Boarder Consortium-TBC) ၏ ထုတ်ပြန်ချက်အရ ၂၀၁၃ ခုနှစ်အတွင်း ဒုက္ခသည် စခန်းများတွင် လူဦးရေ ၇ ဒသမ ၁ ရာခိုင်နှုန်းလျော့ သွားသော်လည်း မြန်မာပြည်တွင် ပြန်လည်အခြေချ နေထိုင်ရန် ထွက်ခွာသွားသည်ဆိုသော အထောက် အထား မတွေ့ရကြောင်း၊ ဒုက္ခသည်စခန်းများတွင် စုစုပေါင်း အရေအတွက် လျော့နည်းသွားသော်လည်း ဒုက္ခသည်အသစ်များလည်း ဆက်လက်ရောက်ရှိ နေဆဲဖြစ်ကြောင်း သိရသည်။

TBC ၏ အမှုဆောင် ညွန်ကြားရေးမှူး မစ္စစ် ဆယ်လီဆွန်မ်ဆင်က “လူဦးရေ အပြောင်းအလဲ ရှိ သော်လည်း ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေက စိုးရိမ်ဖွယ်ရာ အခြေအနေရင် ဆိုင်နေရပါတယ်။ သူတို့အတွက် အကာအကွယ်ပေး ရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူ အညီပေးရေးများ လိုအပ်နေဆဲပါ”ဟု ဆိုသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ အုန်းဖျန်၊ နို့ဖိုး၊ မယ်လ၊ မယ်လဦး၊ ထန်ဟင်း၊ ဘန့်ဒုံယမ်း၊ မယ်ရာမို၊ ကရင် နီစသည့် ဒုက္ခသည် စခန်း ၉ ခုတွင် လက်ရှိ ဒုက္ခ သည် ၁၂၀ဝဝဝ ကျော်ရှိနေကြောင်းကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှ စတင်ဖြစ်ပွား ခဲ့သော အစိုးရတပ်နှင့် KIA တို့အကြား တိုက်ပွဲများ ကြောင့် ကချင်ပြည်နယ်အတွင်းရှိ ဆက်သွယ်ရေး လမ်းကြောင်းများ ပျက်စီးခဲ့ပြီး ကချင်ပြည်သူသောင်း ချီ၍ စစ်ပြေးဒုက္ခသည်များအဖြစ် ဒုက္ခသည် စခန်း များတွင် နေထိုင်နေကြရဆဲဖြစ်သည်။

မြန်မာပြည်တဝန်းတွင် တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ ၁၆ ဖွဲ့အနက် မြန်မာအစိုးရနှင့် ငြိမ်း ချမ်းရေး ဖော်ဆောင်ရေးတွင် ပြည်ထောင်စုအဆင့် အထိသဘောတူ လက်မှတ်ထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့ ၁၅ ဖွဲ့ရှိသွားပြီးဖြစ် ကြောင်း၊ လက်ရှိတွင် TNLA သာ လက်မှတ်မရေး ထိုးဘဲ ကျန်နေသေးကြောင်း သိရသည်။

အစိုးရနှင့်ဆွေးနွေးနိုင်ရန် တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) ကဦး ဆောင်ပြီး တိုင်းရင်းသားများ သဘောတူ ရေးဆွဲ သည့် အပစ်အခတ် ရပ်စဲရေး မူကြမ်းကို လော်ခီးလာ တိုင်းရင်းသား ညီလာခံသို့ တက်ရောက်လာသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက လက်ခံ သဘောတူကြောင်း သိရှိရသည်။

ယင်းမူကြမ်းတွင်ပါဝင်သည့် အသေးစိတ်အချက် အလက်ကို ထုတ်ပြန်ပြောကြားခြင်း မရှိသေးဘဲပါဝင် သည့် ခေါင်းစဉ်နှင့် ပတ်သက်ပြီး အကြမ်းဖျင်းအား ဖြင့် အခြေခံမူများ၊ အပစ်အခတ် ရပ်စဲရေးလက်မှတ် ထိုးမည့် အဖွဲ့များ အပစ်အခတ်ရပ်စဲပြီး ကြားကာလ အစီစဉ်များ၊ စောင့်ကြည့်လေ့လာရေး အဖွဲ့များ ဖွဲ့စည်းရေး၊ နိုင်ငံရေးမူရေးဆွဲရေး၊ ဖက်ဒရယ်တပ်မ တော်ဆိုင်ရာ အချက်များ ဆွေးနွေးရေး စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။

Your Thoughts …
နန်းဆိုင်နွမ်

နန်းဆိုင်နွမ်

Honest Information(HI)

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.5k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.6k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
အာဏာရှင်များနှင့် မြန်မာ့တပ်မတော် အပိုင်း ၇ - ဗိုလ်သန်းရွှေ အုပ်ချုပ်မှု စတင်ခြင်း

အာဏာရှင်များနှင့် မြန်မာ့တပ်မတော် အပိုင်း ၇ - ဗိုလ်သန်းရွှေ အုပ်ချုပ်မှု စတင်ခြင်း

အာဆီယံ တပ်မတော် ဆိုင်ရာ အစည်းအဝေးများ ကျင်းပမည်

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.1k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate