အမျိုးသားလွှတ်တော် နဝမပုံမှန် အစည်းအဝေး ၁၄ ရက်မြောက်နေ့ ယမန်နေ့က အစည်းအဝေးတွင် စားသုံးသူ အကာအကွယ် ပေးရေး ဥပဒေကြမ်းကို အတည်ပြုခဲ့ကြောင်း သိရသည်။ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် ယင်း ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူ အတည်ပြုခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းတရပ်တွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။