ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ဂျာမနီနိုင်ငံ ကွန်ရာ့တ်အာဒမ်နိုရာ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ ဥရောပ ပါလီမန်အဖွဲ့ဝင် နှင့် ဥက္ကဋ္ဌ ဟောင်း Dr. Hans-Gert Pottering နှင့် ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံကြောင်း သိရသည်။ ယင်းသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ပြောင်းလဲတိုးတက်မှု၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စများ ဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။