တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အင်ဒိုနီးရှားနိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် Gen Dr. Moeldoko တို့ ယမန်နေ့က ဂျကာတာမြို့တွင်တွေ့ဆုံကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ယင်းသို့ တွေ့ဆုံရာတွင် အင်ဒိုနီးရှား ကာကွယ်ရေး ဦးစီးချုပ်က မတ်လနှင့် မေလတွင် မြန်မာနိုင်ငံ၌ ကျင်းပမည့် အာဆီယံ တပ်မတော် ဆိုင်ရာ အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်မည်ဟု ယုံကြည်ကြောင်း၊ တပ်မတော် ၂ ရပ်ကြား စစ်ဦးစီးတက္ကသိုလ်နှင့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် သင်တန်းသားများ အပြန်အလှန် လည်ပတ်နိုင်ရေး ဖိတ်ခေါ်ကြောင်းနှင့် Peace Keeping အရာရှိ သင်တန်းသို့ သင်တန်းသားများ စေလွှတ်ပေးနိုင်ကြောင်း ပြောကြားသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အင်ဒိုနီးရှား ကြည်း၊ ရေ၊ လေ တပ်မတော် ခေါင်းဆောင်များ အပြန်အလှန် လည်ပတ်ရန် ဖိတ်ခေါ်ကြောင်း၊ နှစ်နိုင်ငံ တပ်မတော် အားကစားနှင့် ယဉ်ကျေးမှု အဖွဲ့များ အပြန်အလှန် စေလွှတ်နိုင်ရန်နှင့် ဘာသာစကား သင်တန်းများ အပြန်အလှန် စေလွှတ် တက်ရောက်နိုင်ရေး အကြံပြုကြောင်း ပြောကြားသည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။