ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စတာ ကင်တာနာ သည် ယမန်နေ့က ပြည် ထောင်စု ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး အပါအဝင် အခြား အစိုးရ တာဝန်ရှိသူ အဆင့်ဆင့်နှင့် တွေ့ဆုံဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ယင်းသို့ ဆွေးနွေးရာတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် အခြေအနေ၊ ရွေးကောက်ပွဲ ကော်မရှင်၏ လက်ရှိ ဆောင်ရွက်မှုများ၊ ဥပဒေရေးရာ၊ လူ့အခွင့်အရေး ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးကြောင်း၊ ထို့အပြင် သတင်းမီဒီယာဆိုင်ရာ ကိစ္စရပ်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်ရှိ နှစ်ဖက် လူ့အဖွဲ့အစည်းများ တည်ငြိမ် အေးချမ်းရေး၊ ပြန်လည်ထူထောင်ရေး ဆောင်ရွက်မှုများ၊ နိုင်ငံရေးအကျဉ်းသား ဆိုင်ရာကိစ္စရပ်များ၊ သိမ်းဆည်းမြေယာများနှင့် ပတ်သက်၍ ဖြေရှင်းပေးနေမှုများ၊ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်နေမှု၊ အပစ်အခတ် ရပ်စဲ ရေး၊ စစ်ဘေး ဒဏ်ကြောင့် ပြောင်းရွှေ့နေထိုင်နေရသည့် ဒုက္ခသည်များ၏ လူမှုစီးပွား ဘဝပြန်လည်မြှင့်တင် ထူထောင်ပေး ရေး ဆိုင်ရာများ၊ သန်းခေါင်စာရင်း ကောက်ယူခြင်း၊ ဥပဒေအသစ်များ ရေးဆွဲ၊ ပြင်ဆင်ပြဋ္ဌာန်းခြင်းများ ဆွေးနွေးခဲ့ကြကြောင်း သိရှိရ သည်။ ကင်တာနာသည် ယနေ့ညပိုင်းတွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည် ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။