သီလဝါ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရာတွင် ရင်းနှီးမတည်မှု ပါဝင်သည့် မြန်မာအများပိုင်ကုမ္မဏီ Myanmar Thilawa SEZ Holdings Public Limited က အစုရှယ်ယာ ၂ ဒသမ ၁၄၅ သန်းကို ရောင်းချသွားမည် ဖြစ်ကြောင်း သီလဝါ စီးပွားရေးဇုန် ဥက္ကဌ ဦးဆက်အောင်က ပြောသည်။ ဖေဖော်ဝါရီ ၁၉ ရက်က UMFCCI တွင် ပြုလုပ်သော အစုရှယ်ယာများ ရောင်းချခြင်းနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ အစုရှယ်ယာများ ရောင်းချရာတွင် ရှယ်ယာတခုလျှင် ငွေကျပ် ၁၀၀၀၀ သတ်မှတ်ထားပြီး လာမည့်မတ်လ ပထမပတ်တွင် စတင်၍ တလတိတိ ရောင်းချမည်ဖြစ်ကြောင်း၊ ဧရာဝတီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ရိုးမဘဏ်၊ သမဝါယမဘဏ်၊ ကမ္ဘောဇဘဏ်တို့ဖြင့် ချိတ်ဆက် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။