• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တန်ချိန် ၅၀ ခန့်ရှိ ကျောက်စိမ်းတုံးကြီး ဖားကန့်တွင် တွေ့ရှိ

by စောရန်နိုင်
19 February 2014
in သတင်း
A A
ကျောက်စိမ်း, Natural Resource, Jade, ဦးပိုင်, ခရိုနီ

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း ကျောက်မျက်ပြတွင် ပြသထားသည့် ကျောက်စိမ်းတုံးကြီး (ဓာတ်ပုံ - ဧရာဝတီ)

6.2k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ် ဖားကန့်ရှိ ဝေခါရွာတွင်တန် ၅၀ ရှိ ကျောက်စိမ်းတုံးကြီးကို တွေ့ရှိပြီးနောက် ယင်း နယ်မြေကို အစိုးရ စစ်တပ်က လုံခြုံရေး ယူထားလိုက်ပြီး တနိုင်တပိုင် ဒေသခံ ကျောက်တူးသူများကို ကျောက်စိမ်း တူးဖော်မှု တားမြစ်လိုက် ကြောင်း သိရသည်။

အသေးစား ကျောက်တူးဖော်ရေး လုပ်ငန်းရှင် ဦးအောင်နိုင်ဝင်းက ဖားကန့်မြို့နှင့် ၂၄ ကီလိုမီတာ အကွာတွင် တည်ရှိသည့် ဝေခါရွာ၌ ယင်း ကျောက်စိမ်း အရိုင်းတုံးကြီးကို ဖေဖော်ဝါရီ ၉ ရက်နေ့က တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ဝေခါရွာ အပါအဝင် ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းမှော်များကိုလည်း ယင်းနေ့၌ပင် စစ်တပ်နှင့် ရဲလုံခြုံရေးများ တင်းတင်းကြပ်ကြပ် ချထားကြောင်း သိရသည်။

RelatedPosts

အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

13 June 2025
1.2k
စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

13 June 2025
81
ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

13 June 2025
2.2k

“ကျနော်တို့ သိရသလောက်တော့ ကျောက်စိမ်းတုံးကြီးက ၁၈ ပေ (၅ ဒသမ ၅ မီတာ) ရှည်ပါတယ်။ တွေ့ပြီး သိပ်မကြာခင်မှာပဲ တပ်မ ၁၀၁ လက်အောက်ရှိ တပ်ရင်းများက လာပြီး စစ်တပ်အစောင့်တွေ ချသွားတာပါ” ဟု ဖားကန့်မြို့နယ် NLD ရုံးခွဲမှ ဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောသည်။

စစ်တပ်က အဆိုပါ နေရာနှင့် အနီးတဝိုက်တွင် အသေးစား တူးဖော်ရေး လုပ်ငန်းနှင့် တပိုင်တနိုင် ကျောက်စိမ်း တူးဖော်သူတွေကို တားမြစ်ထားကြောင်း၊ မည်သူ့မျှ ဝင်ရောက်ခွင့် မပြုကြောင်း ၎င်းက ဆက်လက် ပြောသည်။

ယင်း ကျောက်စိမ်း အရိုင်းတုံးကို သွားရောက် ကြည့်ရှုခဲ့သည့် ကျောက်ကုန်သည် တဦးက ကျောက်စိမ်းတုံးကြီးမှာ တန်ချိန် ၅၀ ခန့် ရှိမည်ဟု ယူဆရကြောင်း၊ မြေအောက်တွင် တဝက်ကျော် မြုပ်နေသေးကြောင်း ပြောဆိုသည်။

ဖားကန့်ဒေသခံ တဦးဖြစ်သည့် NLD အဖွဲ့ဝင် ဦးရင်ထွေးက ယင်း ကျောက်စိမ်းတုံးသည် မီဆူဘီရှိ ပါဂျရိုး ကုန်တင်ကား ခန့် ရှိသည် ဟု ပြောသည်။

“အဲဒီ ကျောက်စိမ်းတုံးကို စစ်တပ်က အစောင့်အကြပ် အပြည့်ချထားပြီးပြီ။ ဘယ်လောက် တန်ဖိုးရှိမယ် ဆိုတာ ကျနော်တို့ အတိအကျ မသိဘူး။ သတ္တုတွင်းဝန်ကြီးဌာနက လာရောက်ကြည့်ရှုစစ်ဆေးမယ်လို့တော့ ကြားတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ကျောက်စိမ်းအရိုင်းတုံးကြီး တွေ့ရှိမှုနှင့် ပတ်သက်၍ သတ္တုတွင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက အသေအချာ မသိရကြောင်း၊ ကျောက်မျက်ဌာနသို့ ဆက်သွယ် မေးမြန်းသင့်ကြောင်း ဖြေကြားသည်။ ကျောက်မျက်ဌာနသို့ ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခွင့် မရှိကြောင်း ပြန်လည် ပြောဆိုသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကျောက်စိမ်း ထွက်ရှိမှုတွင် အထူးထင်ရှားပြီး၊ မြန်မာ့ကျောက်စိမ်းသည် အမြင့်မားဆုံး အရည်အသွေးရှိသည်။ ကျောက်စိမ်း အများစုသည် ကချင်ပြည်နယ် ဖားကန့်ဒေသမှ ထွက်ရှိသည်။

မြန်မာနိုင်ငံထွက် ကျောက်စိမ်းများကို များသောအားဖြင့် တရုတ်နိုင်ငံသို့ အခွန်မဆောင်ဘဲ တရားမဝင် နည်းလမ်းဖြင့် တင်ပို့ ရောင်းချမှုများ ရှိနေသည်။ ၂၀၁၃ ခုနှစ်၊ ဇူလိုင်တွင် ထုတ်ပြန်သည့် အမေရိကန်နိုင်ငံ ဟားဗတ် တက္ကသိုလ်မှ  Ash Center for Democratic Governance and Innovation အဖွဲ့က မြန်မာနိုင်ငံ၏ ကျောက်စိမ်းတင်ပို့ ရောင်းချမှုသည် ၂၀၁၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈ဘီလီယံ ရှိကြောင်း ဖော်ပြထားသည်။

အစိုးရ နှင့် ကချင်ပြည်နယ် လွတ်လပ်ရေး တပ်ဖွဲ့ (KIA) တို့က ၁၉၉၄ မှ ၂၀၁၁ ခုနှစ် အပစ်အခတ် ရပ်စဲရေး ကာလ အတွင်း ဖားကန့်ဒေသ ကျောက်စိမ်း ထုတ်လုပ်မှုကို ထိန်းချုပ်ထားခဲ့သည်။ အစိုးရနှင့် KIA ကြား တိုက်ပွဲများ ပြန်လည် စတင်ခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လ နောက်ပိုင်းတွင် အစိုးရက သတ္တုတူးဖော်ရေး လုပ်ငန်းကြီးများကို ပိတ်ပင်လိုက်သည်။ ယင်းနောက်ပိုင်းတွင် အသေးစား တူးဖော်ရေး လုပ်ငန်းသမားများနှင့် တပိုင်တနိုင် လုပ်ကိုင်သူများက တရား မဝင် ကျောက်စိမ်း တူးဖော်မှုများ ရှိခဲ့သည်။

ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ရေး လုပ်ကိုင်နေသည့် ကုမ္ပဏီအများစုမှာ တရုတ်လုပ်ငန်းရှင်များနှင့် မြန်မာ ခရိုနီများ ပိုင်ဆိုင်သည့် ကုမ္ပဏီများ ဖြစ်သည်။ ယင်း ကုမ္ပဏီများထဲတွင် မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီလည်း ပါဝင်သည်။ ဦးပိုင်ကုမ္ပဏီသည် မြန်မာနိုင်ငံ တဝှမ်း အရေးပါသည့် စီးပွားရေးလုပ်ငန်းများကို ချုပ်ကိုင် လုပ်ဆောင်နေသည့် ကုမ္ပဏီ ဖြစ်သည်။

၁၉၈၃ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ကချင်ပြည်နယ် ဖားကန့်၊ လုံးခင်း ဒေသ ကျောက်စိမ်းတွင်းတခုမှ ၃၃ တန် ရှိ ကျောက်စိမ်းတုံးကြီး တွေ့ရှိခဲ့ပြီး၊ ၂၀၀၃ ခုနှစ်တွင် တန်ချိန် ၃ ထောင်ရှိ ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းတုံးကြီးကို ပတ္တမြား နဂါး ကုမ္ပဏီက တူးဖော်တွေ့ရှိခဲ့သည်။

Your Thoughts …
Tags: EconomyGum
စောရန်နိုင်

စောရန်နိုင်

ဧရာဝတီ

Similar Picks:

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

by ဧရာဝတီ
23 July 2015
194.2k

ဦးအောင်သောင်း တန်ခိုးထွားစဉ်က ဆိုလျှင် ပရောဂျက်တခု ရရှိရေး အတွက် လာဘ်ငွေကို သူ့ကို သာမကသူ၏ ကိုယ်ရေး အရာရှိ နှစ်ဦးကိုပါ ပေးရသည်။ လာဘ်ပေး လာဘ်ယူ မလုပ်လိုဘဲ လမ်းရိုးလမ်းစဉ် အတိုင်း စီးပွားရေး အခွင့်အလမ်း...

ပန်းဆိုးတန်းခုံးကျော်, ရွှေဂုန်ရုံ, မြို့မရုံ, သမ္မာအာဇီ, တိမွေးကု တက္ကသိုလ်

အန်တီစန်း ပန်းဆိုးတန်းမှာ အလုပ်လုပ်သည်

by မြတ်စုမွန်
22 September 2014
26.2k

၁၀ မိနစ် လောက်သာ ကြာမြင့်သည့် ခြေစွယ်ဖော်ခြင်း အလုပ်မှ လုပ်အားခ ၇ ထောင်ကျော် ရလိုက်သည်။ ဓား အသစ်ကို သုံးရန် တောင်းဆိုသဖြင့် ဓားတချောင်း ရောင်းရသည့်ငွေနှင့် ခြေစွယ် ဖော်ပေးသည့် ဝန်ဆောင်ခ နှစ်ခု...

War on Economy

War on Economy

by ဘီရုမာ
17 June 2024
188

ကာတွန်း

UNICEF,ရန်ကုန် ရုံးခန်းငှားခ,ဗိုလ်ချုပ် ညွန်တင်,ဗိုလ်ချုပ်မှူးကြီး သန်းရွှေ,အမေရိကန် ဒေါ်လာ ၈၇၀၀၀

UNICEF ရန်ကုန် ရုံးခန်းငှားခ တလ ဒေါ်လာ ၉၀၀၀၀ နီးပါးရှိဟု ထုတ်ပြန်

by လင်းသန့်
22 May 2014
6.2k

UNICEF ၏ ရုံးခန်းသည် စတုရန်း ပေ ၃၃၀၀၀ ကျယ်ဝန်းသည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အမှတ် ၂၃/အေ တွင် ဖွင့်လှစ်ထား ခြင်းဖြစ်ပြီး တလလျှင် ငှားရမ်းခ ဒေါ်လာ...

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

by ကျော်ခ
20 October 2012
22.4k

ကျပ် ၁ ထောင်ဖိုးကနေ ၅ ထောင်ဖိုးလောက် အထိ မှာတဲ့လူတွေ များတယ်လို့ သူတို့က ရှင်းပြပါတယ်။ တခါတရံ ခရီးဝေးသွားမယ့် လူတွေဆိုရင် သောင်းဖိုးနဲ့ချီပြီး မှာယူသွားတာမျိုးတောင် ရှိတဲ့အကြောင်း သိရပါတယ်။

စီးပွားဖြစ် ဝါး စိုက်ပျိုး ထုတ်လုပ်, တရုတ်, အိန္ဒိယ, မြန်မာ, ဂေဟ စနစ်, သဘာ၀ ပတ်ဝန်းကျင်, သစ်တော ဦးစီးဌာန

စီးပွားဖြစ် ဝါး စိုက်ပျိုးထုတ်လုပ်မှု အလေးထား လုပ်ကိုင်ရန် တိုက်တွန်း

by ခိုင်ပြည့်စုံ
16 January 2014
4.8k

“ဝါးကိုအစေ့က စိုက်ရမှန်းလည်း မသိကြဘူး။ အရင်က ဝါးကို သစ်တောဦးစီးဌာန ကလည်း ပြုစုပျိုးထောင်မှု လုံးဝမရှိဘူး။ ပုဂ္ဂလိ က က ထုတ်လုပ်တာကို အခွန် ကောက်တာပဲ ရှိပါတယ်။ နောက်ပြီး ဝါးနဲ့ပက်သက်တဲ့ ဗဟုသုတ ကလည်း...

Next Post
သီလဝါ အထူး စီးပွားရေးဇုန် စီမံကိန်း, ကန်ဒေါ်လာ သန်း ၁၈၀, သီလဝါ အထူး စီးပွားရေးဇုန် ဥက္ကဌ ဦးဆက်အောင်

သီလဝါ စီမံကိန်း ပထမအဆင့် လိုငွေ အနည်းဆုံး ဒေါ်လာ သန်း ၁၈၀ ရှိ

ဒိန်းမတ်ကုမ္ပဏီ မြန်မာနိုင်ငံတွင် ငါးတန်မွေးမြူရေး လုပ်ကိုင်မည်

Please login to join discussion
No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

3 days ago
4.7k
အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

23 hours ago
4k

Most Read

  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    shares
    Share 0 Tweet 0
  • ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

    shares
    Share 0 Tweet 0
  • အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate