နေပြည်တော်၊ ခရိုင်နှင့်မြို့နယ်အသီးသီးတွင် မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီရုံးများကို ဖွင့်လှစ်ပြီးဖြစ်၍ သိမ်းဆည်း ခံထားရသည့် မြေယာများပါဝင်ခြင်း ရှိ/မရှိကို စုံစမ်းနိုင်ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြ ထားသည်။ သိမ်းဆည်းခံ မြေယာများ ပါဝင်ပါက သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စု မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီရုံး (ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး) များတွင် ခိုင်လုံသော အထောက်အထားများဖြင့် လျှောက်ထားနိုင်ကြောင်း၊ တည်ဆဲ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။