မြန်မာနိုင်ငံတွင် ငါးတန် စမ်းသပ်မွေးမြူမည့် လုပ်ငန်းကို ဒိန်းမတ်အခြေစိုက် Alleraqua ကုမ္ပဏီက လာရောက် လုပ်ကိုင်မည် ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာ၌ ဖော်ပြထားသည်။ ယင်း လုပ်ငန်းကို ရန်ကုန်တိုင်း ဒေသကြီး ဥက္ကံမြို့နယ်ရှိ ထိန်ကုန်းကျေးရွာတွင် မြေနေရာ ၁ဝ ဧက၌ မွေးမြူမည် ဖြစ်ကြောင်း၊ ငါး အစာ အတွက် ထူးသစ်ကုမ္ပဏီ နှင့် ညှိနှိုင်း နေပြီး ရုရှားဈေးကွက်သို့ တင်ပို့ရန် ရှိကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်များ ကောင်းမွန်နေသေးသည့် မြန်မာ နိုင်ငံမှ ဝယ်ယူရန် စီစဉ်ခြင်း ဖြစ်ကြောင်း နှင့် ဆက်လက်ပြီး မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ် တောင်ပြုန်းဒေသတွင်လည်း လုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။