စာကြည့်တိုက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စာကြည့်တိုက်မှူးများ ညီလာခံကို မတ် ၂၂ ရက်မှ ၂၃ ရက်အထိ ရန်ကုန်မြို့ သူနာပြု တက္ကသိုလ်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ယင်း ညီလာခံတွင် စာကြည့်တိုက်ဝန်ဆောင်မှု ဆိုင်ရာ လုပ်ငန်းများ၊ e-library အဆင့်တက်လှမ်းနိုင်ရေး လုပ်ငန်းများ၊ နိုင်ငံတကာ ပြည်သူ့ စာကြည့်တိုက်များက ဆောင်ရွက် လျက်ရှိသော စာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းများအကြောင်းကို အဓိက ဆွေးနွေးသွားမည် ဖြစ်သည်။ အဆိုပါ ညီလာခံသို့ တက်ရောက် လိုသည့် စာကြည့်တိုက်မှူးများ အနေ ဖြင့် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း အမှတ် ၂၂၈ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ဝ၁-၃၉၈၇၅၆၊ ဝ၁- ၃၇၁၃၄၂၊ ဝ၁-၂ဝ၁၉၃၆ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။