ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် ရန်ကုန် ဟိုရီကစီးပွားရေး ဆွေးနွေးပွဲ (Yangon HoReCaBizmatch) ကို မတ် ၂၂ ရက်တွင် ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ကျင်း ပမည်ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာ၌ ဖော်ပြထားသည်။ လက်ရှိ မြန်မာနိုင်ငံတွင် တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလကုန်ထိ ဟိုတယ်ပေါင်း ၉၄၇ လုံး၊ အခန်းပေါင်း ၃၅၈၂၆ ခန်း ရှိပြီး ၂ဝ၁၅ ခုနှစ်တွင် ဟိုတယ်အခန်း ပေါင်း ၅ဝဝဝ ကျော် အသစ်ထပ်မံ ဖွင့် လှစ်နိုင်ရေး အထောက်အကူပြုရန် ရည်ရွယ်ကြောင်း၊ အဆိုပါ ဆွေးနွေးပွဲ တက်ရောက် လိုပါက TTF (Yangon) Co.,Ltd ဖုန်း-ဝ၁-၂၉၄ဝဝ၆၊ ၃၉၂၅၇၉ /၈ဝ သို့ ကြိုတင် စာရင်းပေးသွင်းနိုင်ပြီး www.bizmatch-myanmar.com တွင် အသေးစိတ် လေ့လာနိုင်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။