ပြည်သူကို ဗဟိုပြုသည့် မြန်မာ ရဲလုပ်ငန်းစနစ် အဖြစ် ပြောင်းလဲရေး ရည်ရွယ်လျက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား ရန်ကုန်တိုင်း ပျဉ်းမပင် ရဲတပ်ရင်း ၈ တွင် ဥရောပသမဂ္ဂ (EU) က ၁၈ လကြာ သင်တန်းပို့ချမည် ဖြစ်ကြောင်း သိရသည်။ အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် တို့၏ ကမ်းလှမ်းချက်အရ EU က သင်တန်းခြင်း ဖြစ်ပြီး ပြည်သူများ၏ နိုင်ငံသား အခွင့်အရေးကို ကာကွယ်ပေးရန် တာဝန်ရှိ သကဲ့သို့ တဖက်တွင် ရန်လိုသည့် အခြေအနေ ဖြစ်လာပါကလည်း နိုင်ငံသား အခွင့်အရေးကို မထိခိုက်စေသည့် စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ရန် သင်တန်းပေးခြင်း ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။