တောင်နှင့် မြောက် ကိုရီးယား နှစ်နိုင်ငံအကြား ကွဲကွာမိသားစုများ ပြန်လည်တွေ့ဆုံရေး အစီအစဉ်ကို ယမန်နေ့က စတင်လိုက်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ နှစ်နိုင်ငံမှ ရာချီသည့် မိသားစုဝင်များသည် ကိုရီးယား စစ်ပွဲကြောင့် နှစ်ပေါင်း များစွာ ကွဲကွာနေကြရာမှ ပြန်လည်ဆုံဆည်းခွင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်း အစီအစဉ်ကို ဖေဖော်ဝါရီ ၂၀ မှ ၂၅ ရက်နေ့အထိ ပြုလုပ်ပေးမည် ဖြစ်ကြောင်း သိရသည်။ ကိုရီးယား စစ်ပွဲသည် ၁၉၅၀ ခုနှစ် ဇွန် ၂၅ မှ ၁၉၅၃ ခုနှစ် ဇူလိုင် ၂၇ အထိ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။