ထိုင်းနိုင်ငံ ခြုံဘူရီ ခရိုင် စမေးစံကမ်းခြေရှိ ငါးဖမ်းလှေဆိပ်တွင် ရောင်းစားခံထားရသည့် မြန်မာလုပ်သား ၅ ဦးကို ပူးပေါင်း အဖွဲ့များက ကယ်ထုတ်နိုင်ခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းတရပ်တွင် ဖော်ပြထားသည်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (Myanmar Association Thailand) မှ ဆက်သွယ် ပြောပြချက်အရ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ကယ်ထုတ်နိုင်ခြင်း ဖြစ်ကြောင်း၊ ရောင်းစားသူမှာ ပွဲစားကိုညီညီ ဆိုသူဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။