ကချင်ပြည်နယ်တွင် နယ်မြေတည်ငြိမ် အေးချမ်းမှု မရှိခြင်းကြောင့် ၂၀၁၁ ခုနှစ် ဇွန်လမှ စ၍ နေရပ်စွန့်ခွာ နေထိုင်နေရ သည့် လူဦးရေ ၄၀၁၄၉ ဦး၊ အိမ်ထောင်စု ၉၅၁၉၊ စခန်း ၁၀၁ ခု ရှိကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာ အရ သိရသည်။ ယင်းတို့အား UNDP, ICRC ၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းတို့ ပူးပေါင်း၍ အထောက်အပံ့များ ပေးနေ ကြောင်း၊ တရုတ်နိုင်ငံကလည်း ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဆန်၊ ဆီ၊ ဆား၊ စောင်၊ ဖိနပ် စသည့် ပစ္စည်း ၁၂ မျိုးပါ သည့် Family Kits ၅၀၀၀ ပေးအပ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။