ပုဂံသို့ ၂၀၁၃ ခုနှစ် အတွင်း နိုင်ငံခြားသား ခရီးသွား ဧည့်သည် ၂ သိန်းခန့်လာရောက် လည်ပတ်ကြောင်း၊ အများစုမှာ လေကြောင်းဖြင့် လာရောက်ခြင်း ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဦးဌေးအောင်က ပြောသည်။ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ပုဂံမြို့ Aureum Palace ဟိုတယ်၌ ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခြင်း ဖြစ်ပြီး၊ ယခုနှစ်တွင် နိုင်ငံခြားသား ခရီးသည် လာရောက်မှု တိုးတက်လျက်ရှိကြောင်း၊ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေး အတွက် ဆက်စပ်လုပ်ငန်းများ တိုးတက်လာကြောင်း၊ ဟိုတယ်လုပ်ငန်းရှင်များ အနေဖြင့် လိုအပ်သည့် ပြင်ဆင်မှုများ လုပ်ဆောင်ထားရန် ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။