မြန်မာနိုင်ငံအတွင်း တပိုင်တနိုင် စီးပွားရေး လုပ်ငန်းများ၏ တိုးတက်မှု အခြေအနေနှင့် ဝင်ငွေရရှိမှုကို ဖော်ထုတ်နိုင်ရန် ရည်ရွယ်၍ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ စာရင်း ကောက်ယူခြင်းစစ်တမ်းများကို ဖေဖော်ဝါရီလ နောက်ဆုံးပတ် အတွင်း ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။ စစ်တမ်း ကောက်ယူရေး လုပ်ငန်းကို ကြည့်မြင်တိုင်၊ သာကေတ၊ အလုံ၊ စမ်းချောင်း၊ ဒဂုံတောင်၊ ဒဂုံမြောက်၊ မင်္ဂလာတောင်ညွန့်၊ ဒေါပုံ၊ သုံးခွ၊ မင်္ဂလာဒုံနှင့် လှည်းကူးမြို့နယ်များ၌ ဗဟိုစာရင်းအဖွဲ့၊ မြို့နယ်နှင့် စက်မှုဇုန် တာဝန်ခံများက ဦးဆောင်ပြီး ကွင်းဆင်းကောက်ယူ မည် ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။