သမ္မတဦးသိန်းစိန်နှင့် တရုတ်နိုင်ငံခြားရေး ဒုဝန်ကြီး Mr. Ai Ping နှင့် ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ ယင်းသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ အစိုးရများသာမက ပြည်သူများပါ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုများ၊ နိုင်ငံဖွံ့ဖြိုးရေး တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်များ၊ နှစ်ဦးနှစ်ဖက် မျှတသည့် ရင်းနှီးမြှုပ်နှံမှုများ ဖော်ဆောင်ရး ကိစ္စရပ်များ ဆွေးနွေးကြောင်း သိရသည်။ တရုတ် ဒုဝန်ကြီးသည် သူရဦးရွှေမန်းနှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။