နေပြည်တော် ကောင်စီ နယ်မြေ ဒက္ခိဏသီရိ မြို့နယ်၊ ဇမ္ဗူသီရီ မြို့နယ်၊ ဥတ္တရသီရိမြို့နယ်များရှိ သစ်တော ကြိုးဝိုင်းများ အတွင်း ကျူးကျော် ဆောက်လုပ်ထားသည့် ဘုန်းကြီးကျောင်း ၂၄ ကျောင်းကို ဖယ်ရှားပေးရန် နေပြည်တော် သာသနာရေးမှူးက တရားစွဲဆို ထားကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာ၌ ဖော်ပြထားသည်။ ၂၀၁၂ ခုနှစ် ဇွန် ၁၀ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး ချက်အရ ကျူးကျော်ဘုန်းကြီးကျောင်း ၃၇ ကျောင်း ရှိကြောင်း၊ ထို့နောက် ဇူလိုင် ၃ ရက်နေ့ ညှိနှိုင်းချက်အရ ဘုန်းကြီးကျောင်း ၁၃ ကျောင်းသည် ထွက်ခွာသွားကြောင်း၊ ကျန်သည့် ၂၄ ကျောင်းနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ် ဇူလိုင် ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် နိုင်ငံတော် သံဃနာယက အဖွဲ့ ၄၇ ပါးစုံညီ အစည်းအဝေးက ဘုန်းကြီးကျောင်း အဖြစ် အသိအမှတ် မပြုရန် ဆုံးဖြတ်ကြောင်း၊ ထို့နောက် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က အသိအမှတ်မပြုရန် ထပ်မံ အတည်ပြုဆုံးဖြတ်ကြောင်း၊ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် သက်ဆိုင်ရာ မြို့နယ် တရားရုံးများ၌ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်း ဆုံးဖြတ်ချက်များကို ကာကွယ်စောင့် ရှောက်သည့် ဥပဒေပုဒမ ၇/၁၁ ဖြင့် တရားစွဲဆိုခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။