မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွင် စစ်တပ်သည် အရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်နေသည့်အတွက် ထိတွေ့ဆက်ဆံရန် လိုကြောင်း အမေရိကန် အရာရှိ David Shear က ပြောသည်။ မြန်မာနိုင်ငံ အပေါ် လက်နက် တင်ပို့မှု တားမြစ်ချက်ကို ပြန်လည် ရုပ်သိမ်းမည် မဟုတ်ကြောင်း၊ မြန်မာစစ်တပ်၏ နိမ့်ကျသည့် လူ့အခွင့်အရေး မှတ်တမ်းများကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာ ရန်လည်း လိုကြောင်း ဗွီအိုအေ သတင်းတရပ်တွင် ဖော်ပြထားသည်။ ၎င်းသည် အာရှပစိဖိတ် လုံခြုံရေးဆိုင်ရာ လက်ထောက်ကာကွယ်ရေး ဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းထားသူ ဖြစ်ပြီး၊ မကြာသေးခင် အချိန်အထိ ဗီယက်နမ် နိုင်ငံဆိုင်ရာ သံအမတ်ကြီး အဖြစ်တာဝန်ယူခဲ့သူ ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။