အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဥပဒေ ၄ ခု ပြဋ္ဌာန်း ပေးရန် မြန်မာနိုင်ငံသား ၁ သန်းကျော်က လက်မှတ်ထိုး တောင်းဆိုမှုနှင့် ပတ်သက်ပြီး လိုအပ်သလို ဆောင်ရွက်နိုင်ရန် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော် နာယကသို့ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် သဝဏ်လွှာ ပေးပို့လိုက်ကြောင်း သိရသည်။ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ ဗဟို ဥက္ကဋ္ဌ ဆရာတော်က နိုင်ငံသား လက်မှတ်ပေါင်း ၁၃၃၅၆၀၀ စုဆောင်းပြီး၊ ပြီးခဲ့သည့်နှစ် ဇူလိုင်လက တောင်းဆိုခြင်း ဖြစ်ကြောင်း၊ တောင်းဆိုချက် ၄ ခုမှာ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေ၊ တလင် တမယား စနစ်ကျင့်သုံးရေး ဥပဒေနှင့် လူဦးရေ ထိန်းညှိရေးဆိုင်ရာ ဥပဒေများ ဖြစ်ကြောင်းနှင့် ယင်း ကိစ္စကို ပြည်ထောင်စု လွှတ်တော်မှ ယနေ့ ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။