USAID အကြီးအကဲ ဒုတိယအကြိမ် မြန်မာနိုင်ငံလာရောက်
This article has been converted from Zawgyi One to Unicode
အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အစီအစဉ် (USAID) ၏ အကြီးအကဲ Dr. Rajiv Shah သည် ဖေဖော်ဝါရီ ၂၇ နှင့် ၂၈ ရက်နေ့များတွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည် ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ Dr. Shah သည် ခရီးစဉ် အတွင်း အစိုးရပိုင်းနှင့် အရပ်ဘက်ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း၊ ရန်ကုန် UNOPS တွင် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း၊ P&G နှင့် ပူးပေါင်းဆောင်ရွက်မည့် တကမ္ဘာလုံဆိုင်ရာ ဖွံ့ဖြိုးရေး အဖွဲ့ (Global Development Alliance) ၏ ပထမဆုံး လှုပ်ရှားမှုကိုလည်း ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း ဗွီအိုအေ သတင်းတရပ်၌ ဖော်ပြထားသည်။ USAID အဖွဲ့သည် ကမ္ဘာတဝှမ်း ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ၅ နှစ်အောက် ကလေးငယ် သေဆုံးမှု လျှော့ချနိုင်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် နည်းပညာဖွံ့ဖြိုးရေး ကူညီလုပ်ဆောင် ပေးလျက်ရှိသည်။