သတင်းတို

ထိုင်းနိုင်ငံ True ကုမ္ပဏီနှင့် ရတနာပုံ တယ်လီပို့ ပူးပေါင်းလုပ်ကိုင်ရန် စီစဉ်

This article has been converted from Zawgyi One to Unicode

ထိုင်း ဆက်သွယ်ရေး ကုမ္ပဏီတခု ဖြစ်သည့် True ကုမ္ပဏီ သည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းများ ပူးပေါင်း လုပ်ကိုင် ရန် ရတနာပုံ တယ်လီပို့ နှင့် ဆွေးနွေးနေကြောင်း သိရသည်။ True ၏ ဘဏ္ဍာရေး ဆိုင်ရာ အကြီးအကဲ Noppadol Dej-Udom က ရတနာပုံ တယ်လီပို့နှင့် ညှိနှိုင်းနေကြောင်း၊ ညှိနှိုင်းအောင်မြင်ပါက ဆောင်ရွက်မည့် အစီအစဉ်များ တင်သွင်းရမည် ဖြစ်ကြောင်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ရိုက်တာ သတင်းဌာနသို့ ပြောသည်။ True သည် ရုပ်သံလိုင်း လုပ်ငန်းလည်း လုပ်ကိုင်နေသော ကုမ္ပဏီ တခု ဖြစ်သည်။ True ကုမ္ပဏီကို Charoen Pokphand Group က ဦးဆောင်လျက်ရှိပြီး ထိုင်းနိုင်ငံ၏ အချမ်းသာဆုံး တဦးဖြစ် သည့် Dhanin Chearavanont က ပိုင်ဆိုင်ကြောင်း သိရသည်။ လက်ရှိတွင် ရတနာပုံ တယ်လီပို့ သည် မြန်မာနိုငံတွင် အင်တာနက် ဝန်ဆောင်မှုများ ပေးနေပြီး ပြည်တွင်း ကုမ္ပဏီ ၁၃ ခု အပါအဝင် မြန်မာအစိုးရ နှင့် ပူးပေါင်း လုပ်ကိုင် လျက်ရှိသည်။

Loading