အာဆီယံ ၁၀ နိုင်ငံ အပြင် တရုတ်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့ ပါဝင်သော အာဆီယံ+၃ ဘဏ္ဍာရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး ဖွင့်ပွဲကို ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ယမန်နေ့က ကျင်းပကြောင်း သိရသည်။ ယင်းအစည်းအဝေးတွင် မြန်မာနှင့် ဂျပန်တို့က ပူးတွဲ သဘာပတိ အဖြစ် ဆောင်ရွက်ကြကြောင်း၊ မတ်လ ၁ ရက်နေ့ အထိကျင်းပမည့် အဆိုပါအစည်းအဝေးတွင် သဘာပတိ အဖြစ် အလှည့်ကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစည်းအဝေးမှ ရရှိလာသည့် သဘောတူညီချက်များကို အာဆီယံ ဘဏ္ဍာရေး ဒုဝန်ကြီးများ အစည်းအဝေးမှ တဆင့် လာမည့် ဧပြီလ ၅ ရက်နေ့တွင် ကျင်းပမည့် အာဆီယံ ဘဏ္ဍာရေး ဝန်ကြီးများ အစည်းအဝေးတွင် အတည်ပြုသွားမည် ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။