သတင်းတို
ရခိုင်ပြည်နယ်တွင် နယ်စည်းမခြားဆရာဝန်များ အဖွဲ့ကို လုပ်ငန်း ဆက်လုပ်ခွင့် ပိတ်ပင်
This article has been converted from Zawgyi One to Unicode
ရခိုင်ပြည်နယ်တွင် နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ (MSF) နှင့် AZG အဖွဲ့များကို လုပ်ငန်းများ ဆက်လုပ်ခွင့် ပိတ်ပင်လိုက်ပြီ ဟု သိရသည်။ စစ်တွေမြို့ရှိ MSF ရုံးရှေ့တွင် ဖေဖော်ဝါရီ ၂၂ နှင့် ၂၃ ရက်နေ့များတွင် MSF အဖွဲ့ ရခိုင်ပြည်နယ်မှ ထွက်သွားရန် ဆန္ဒပြမှုများ ရှိခဲ့ကြောင်း၊ ဒုချီးရားတန်း အရေးကိစ္စတွင် နိုင်ငံတကာ အဖွဲ့များကို သတင်းအမှား ပေးခဲ့သည်ဟု ဒေသခံများ၏ ပြောဆိုချက်များ ရှိနေကြောင်း ဘီဘီစီ သတင်းတရပ်တွင် ဖော်ပြထားသည်။ MSF က ယင်းအချက်များကို ငြင်းဆိုထားသည်။