ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ညွှန်ကြားမှု အရ မထသ အောက်ရှိ ဟိုင်းလပ်ယာဉ်များ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်း ပြေးဆွဲခြင်းကို မတ် ၃၁ ရက်အထိ တိုးမြှင့်ပြေးဆွဲခွင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ခရီးသွားပြည်သူများ အဆင်ပြေစေရေး၊ ယာဉ်ပိုင်ရှင် ယာဉ်လုပ်သားများ အခက်အခဲများ မရှိစေရေး အတွက် တိုးမြှင့်ပေးခြင်း ဖြစ်ကြောင်း၊ ယခု သတ်မှတ်ချက်သည် ၄ ကြိမ်မြောက် ဖြစ်ကြောင်း၊ မထသ (ဗဟို) အောက်တွင် ဟိုင်းလပ်ယာဉ် အစီးရေမှာ စုစုပေါင်း ၈၁၈ စီး ရှိပြီး ဖေဖော်ဝါရီ ၂၇ ရက်အထိ အစား ထိုး မီနီဘတ်စ်များ ဝင်ရောက်ပြေးဆွဲ မှုမှာ ၁ဝ၁ စီးရှိပြီဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။