• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

စားပွဲထိုး ဗိုလ်ချုပ် (သို့မဟုတ်) ဦးလွန်းမောင်

by ဧရာဝတီ
28 February 2014
in Politics
A A
စားပွဲထိုး ဗိုလ်ချုပ် (သို့မဟုတ်) ဦးလွန်းမောင်

လွတ်လပ်သော ဘဝကို ပိုနှစ်သက်နေပြီဖြစ်သော ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

84.3k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မှ မြိတ်၊ ထားဝယ်အထိသွားမည့် ခရီးသည်တင် ဘတ်စ်ကားခရီးသည်များနှင့် ဒရိုင်ဘာကို လှမ်းအော်နှုတ်ဆက်ပြီး ဆိုင်ထဲကို ပြန်ဝင်လာသော ဒေါ်မြမြစိန် သည် သူ၏ခွေးကလေးများကိုလည်း နှုတ်ဆက်သည်။ ထို့နောက် မိမိတို့၏ စားပွဲဝိုင်းဆီ လာပြီး စကားပြောရင်း “ ဒီခွေးကလေးတွေက တကောင်နဲ့တကောင် ညှာတာပြီး နောက်အကောင် စားဖို့အတွက် ချန်ပြီးစားတယ်။ လူတွေလို အကုန်မစားတတ်ဘူး။ သစ္စာလည်း အရမ်းရှိတယ်” ဟုဆိုကာ ခွေးကလေးများနှင့် ဆော့ကစားနေသည်။

လူရှင်းသွား၍ငွေသိမ်းကောင်တာမှ ဦးလွန်းမောင် (ယခင်က စာရင်းစစ်ချုပ် တာဝန်ယူခဲ့သူ ဗိုလ်ချုပ် လွန်းမောင်) က စားပွဲဝိုင်းနားကိုကပ်လာပြီး အန်တီ ဒေါ်မြမြစိန်နဲ့အတူ ခွေးကလေးများကို ဆော့ကစား နေသည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
184
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
1.5k
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
45

လွန်ခဲ့သော ၁၀ မိနစ်ခန့်အထိ ခရီးသည် တင်ဘတ်စကား ၂ စီး ရပ်နားပြီး စားသောက်ကြသဖြင့်  “အောင် ပြည့်စုံ” စားသောက်ဆိုင်တွင် စားပွဲထိုးမိန်းကလေးများအလုပ် များနေခဲ့သည်။ ဦးလွန်းမောင် ရော ဇနီးဒေါ်မြမြစိန်ပါ ဟင်းခွက် များလိုက်ချပေးကာ စားပွဲထိုး ရသည်။

“သန့်ရှင်းရေးက အရေးကြီးတယ်။ ခရီးသည် တွေသွားဖို့ အိမ်သာကအစ သေသေချာချာသန့်ရှင်းအောင် လုပ်ထားပေးတယ်” ဟု ဦးလွန်းမောင်ကပြောသည်။ အမှိုက်များကို စည်းကမ်းမဲ့ စွန့်ပစ်မှုကြောင့် စားပွဲခုံတိုင်းတွင် အမှိုက် ပုံးထားပေးရန် လုပ်ဆောင်နေသည်ဟု သိရသည်။

နေ့စဉ်လာရောက် စားသောက်သည့် ခရီးသည် များကို ထမင်း၊ ဟင်းနှင့် ဘယ်လိုဝန်ဆောင်မူ ပေးရမလဲဟု ဦးလွန်းမောင်နှင့် သူ့ဇနီးတို့က နေ့စဉ် စဉ်းစားနေရသည်။ သူတို့၏ သားတော်မောင်က အောင်ပြည်စုံ ထမင်းဆိုင်နှင့် ပတ်သက်၍ “အစ်ကိုတို့ (ဆောင်းပါး) ရေးလိုက်တော့ လူပိုသိသွားတာပေါ့ ဗျာ” ဟုဆိုသည်။ ဧရာဝတီ သတင်းဌာန အင်္ဂလိပ် ပိုင်းတွင်ရော မြန်မာပိုင်းတွင်ပါ အငြိမ်း စားပေးခံရသော  ဗိုလ်ချုပ်လွန်းမောင် မွန်ပြည်နယ် ဘီးလင်းမြို့တွင် စားသောက်ဆိုင် ဖွင့်နေကြောင်း ဖော်ပြခဲ့သည်။

“သူတို့ (သမ္မတ ဦးသိန်း စိန်အစိုးရ) ကတော့ ၃ ခါ တောင် လာခေါ်တယ်” ဟု ဦးလွန်းမောင်က ပြောသည်။ စစ်စွပ်ကျယ်ကို ဝတ်ထားပြီး စားပွဲဝိုင်းများအကြား လူငယ်တဦးကဲ့သို့ ပြေးလွှားနေသော ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်က စကားကို လုပြောသည်။ “(သမ္မတရုံးဝန်ကြီး) ဦး အောင်မင်းကိုယ်တိုင်လာတယ်၊ ပြီးတော့ ကိုသန့်ရှင်း (သမ္မတရုံးဒုဝန်ကြီး) လည်း လိုက်လာသေးတယ်။ ပြန်မလာတော့ဘူးလို့ပြောလိုက်တယ်” ဟုဆိုသည်။

တပ်မတော်ဘက်ပိုင်းမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့၏ဇနီးများ လာရောက်လည်ပတ်သွားသည် ဟုပြောပြသည်။ ခွေးကလေးများနှင့် ဆော့ကစားနေ သော ဒေါ်မြမြစိန်က “ဒီဘဝက ပိုလွတ်လပ်တယ်။ မပေးနိုင်တဲ့သူတွေ လာရင်လည်း ကျွေးလွှတ်လိုက် တာပဲ” ဟုဆိုသည်။ ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင် ရော သူ၏ဇနီးပါ နောက်ကြောင်းကို သိပ်ပြောချင်ပုံ မရ။ စာရင်းစစ်ချုပ်လုပ်ခဲ့သူ ဦးလွန်းမောင်ကမူ သူ သိထားသည်များကို တော်တော်နှင့်ပြောမည့်ပုံမပေါ်။ သို့သော် ဝန်ကြီးများ အကြီးအကျယ် လာဘ်စားခဲ့မှု များကို သူအသိဆုံးဖြစ်သည်။

ဦးလွန်းမောင်သည် နိုင်ငံတော် စာရင်းစစ်ချုပ် အဖြစ် စစ်အုပ်ချုပ်ရေးကာလ ဗိုလ်ချုပ် လွန်းမောင် ဘဝကတည်းက တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင်လည်း ဦးလွန်းမောင်အဖြစ် စာရင်းစစ်ချုပ်တာဝန်ကို ဆက် ယူခဲ့သည်။ လက်ရှိအစိုးရ လက်ထက်တွင် ၁ နှစ် ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး သူ့၏ စာရင်းစစ်ချုပ် သက်တမ်း စုစုပေါင်း ၉ နှစ်ပြည့်ချိန် ၂၀၁၂ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်က သူ့ကို အငြိမ်းစားပေးလိုက်သည်။

 ခွေးကလေးတွေက အချင်းချင်း ညှာတယ်လို့ ဆိုတဲ့ ဒေါ်မြမြစိန် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)
ခွေးကလေးတွေက အချင်းချင်း ညှာတယ်လို့ ဆိုတဲ့ ဒေါ်မြမြစိန် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

၂၀၁၅ – ၂၀၁၆ အရေးကြီးသည် ဆိုသည်ကို ဦးလွန်းမောင်က မေ့မထားပေ။ “မှတ်ကျောက်အတင် ခံမယ်၊ အစစ်ခံရဲတယ်ဆိုတဲ့သူတွေ အဲဒီမှာအစစ်ခံ ကြပေတော့” ဟု သူက ပန်းကန်ပြားတချပ်ကို သိမ်း လိုက်ရင်းဆိုသည်။ ဦးလွန်းမောင်သည် စကားကို အကြာကြီးရပ်မပြော၊ လှစ်ခနဲ မိမိတို့စားပွဲဆီ ကပ် လာလိုက်၊ စကားပြောလိုက်၊ တခြားစားပွဲဝိုင်းများဆီ ပြေးလိုက်နှင့် အလုပ်များနေသည်။

“ကိုယ်နဲ့ ကိုရွှေမန်း (ပြည်ထောင်စု လွှတ်တော် နာယက) သူငယ်ချင်းတွေကွ” ဟုလည်း ဆိုသည်။ “သူက Political Ambition ကြီးတယ်”ဟုမှတ်ချက် ပေးသည်။ သမ္မတ ဦးသိန်းစိန်နှင့် ပတ်သက်၍မူ “သမ္မတကတော့ ရိုးတယ်၊ သူ့မိသားစုကလည်း စီးပွားရေးထဲ မပါဘူး။ သူ့ကိုယုံလို့ ရပါတယ်” ဟု ဆိုသည်။

တပ်မတော် ထိပ်ပိုင်းအရာရှိကြီးများ အနားယူ ပြီးလျှင် စီးပွားရေးလုပ်ငန်းကြီးများ ဆက်လက် လုပ်ကိုင်ပြီး  အစုရှယ်ယာများ  ပါဝင်ထားကာ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ကြသည်။ စစ်စွပ် ကျယ်ဝတ်ထားပြီး ကောင်တာထိုင်လေ့ရှိသော၊ တခါတရံ စားပွဲထိုးသော ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင် မှာ အမြင်ဆန်းနေသည်။

ဦးလွန်းမောင်သည် စာရင်းစစ်ချုပ်အဖြစ် နှစ် ပေါင်းများစွာ တာဝန်ယူခဲ့သဖြင့် တပ်မတော်ထဲမှ အတွင်းရေးနှင့် စီးပွားရေး လုပ်ငန်းများ၊ အစိုးရ ဝန်ကြီးဌာနများ၏ ခြစားမှုများကို များစွာသိထားသူ ဟု ထင်မြင်ချက်ပေးကြသည်။ ယခုမူ စာရင်းစာအုပ် များနှင့် ဝန်ကြီးဌာနများကို စာရင်းစစ်သူ မဟုတ် တော့။ “အောင်ပြည့်စုံ” စားသောက်ဆိုင်တွင် လာ ရောက်စားသောက်သူ ခရီးသွားဧည့်သည်များအတွက် ဆိုင် သန့်ရှင်းရေး၊  စားပွဲခုံနေရာ  သန့်ရှင်းရေး၊ ဟင်းလျာစီမံရေးများသာ နေ့စဉ်အလုပ်ဖြစ်နေသည်။

ခရီးသည်တင်ကားတစီး ထပ်မံဆိုက်ရောက် လာရာ ခရီးသည်များ ဆင်းလာကြသည်။ ဦးလွန်းမောင်နှင့် ဒေါ်မြမြစိန်ရော ဆိုင်ဝန်ထမ်းမိန်းကလေး များပါ အလုပ်များကြတော့မည်။

သစ္စာရှိသော၊ စားစရာကို အကုန်မစားဘဲ အဖော်အတွက် ချန်တတ်သည်ဆိုသော ခွေးကလေး များက ဆိုင်တွင်လာရောက်စားသောက်သူများကို မနှောင့်ယှက်ပါ။ သခင်များ အလုပ်များနေသည်ကို ကောင်တာနားတွင် ငြိမ်သက်၍ အလိုက်တသိစောင့် ကြည့်နေကြသည်။

Your Thoughts …
Tags: Society
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဗေဒင်, ယတြာ, ဓလေ့ထုံးစံ

ဗေဒင်မေးကြသည်၊ ဗေဒင်ဟောကြသည်

by မေစစ်ပိုင်
9 April 2014
7k

စာမေးပွဲအောင်ဖို့ အဆောင်ပစ္စည်း လုပ်တာ၊ အိမ်ထောင်ပြုဖို့ နေ့ကောင်းရက်မြတ်နဲ့ အဝတ်အထည် အရောင် ရွေးချယ်မှုက စလို့ ဘဝအတွက် အရေးပါမည် ထင်သည့် ကိစ္စ တော်တော်များများမှာ ဗေဒင်ဆရာကို ပြေးပြီး တိုင်ပင်တတ်ကြတဲ့ စရိုက်

လိင်ဖျော်ဖြေရေး, မြဝတီ, ရာမစိတ်ကြွဆေး

ရာမလက်က ရုန်းမထွက်နိုင်တဲ့ ညနတ်သမီးများ

by ကျော်ခ
10 February 2014
22.6k

ဆိုင်ရှင်တွေ ကလည်း လိင်ဖျော်ဖြေရေး အလုပ်သမတွေ စိတ်ကြွဆေး သုံးစွဲမှန်း သိပေမယ့် အလုပ်အတွက် အထောက် အကူ ဖြစ်တာကြောင့် တားမြစ်တာမျိုး မလုပ်ဘူး

ဧဝရက် တောင်, နီပေါနိုင်ငံ, ဟိမဝန္တာ, မြန်မာ တောင်တက်သမား ၅ ဦး, ခက်ဒမန်ဒူ, ဦးတေဇ

ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင် မြန်မာ ၅ ဦး ပထမဆုံး အကြိမ် တက်မည်

by သစ်နေမိုး
27 February 2014
7.5k

“တောင်တက် သမားတွေရဲ့ နောက်ဆုံး ရည်ရွယ်ချက် ကလည်း ကမ္ဘာ့ အမြင့်ဆုံး တောင်ကို ခြေချဖို့ပါပဲ၊ ကျနော်တို့ အခုသွား တာကလည်း မြန်မာ လူမျိုး နိုင်ငံသား တယောက် အနေနဲ့ ကမ္ဘာ့ အမြင့်ဆုံး တောင်ပေါ်မှာ...

ရန်ကုန်, အမှိုက်, အမှိုက်သိမ်းစနစ်, မြို့တော်စည်ပင်

အမှိုက်ပြဿနာ အဖြေရှာမယ်ဆိုရင်

by သွေး (စစ်ကိုင်း)
25 February 2014
6.1k

တခု ခက်နေတာက အမှိုက်ပုံးထဲမှာ အမှိုက်တွေ ပြည့်လျှံနေပေမဲ့ တချို့နေရာတွေမှာ အချိန်မှန် လာရောက် သိမ်းဆည်းမှု မရှိတော့ ပတ်ဝန်းကျင်မှာပါ အနံ့အသက် ဆိုးတွေ ရှုရှိုက်နေရတာပါ

ချစ်သူများနေ့ … ပျော်ကြမှာလား၊ ပူဆွေးကြရမှာလား

ချစ်သူများနေ့ … ပျော်ကြမှာလား၊ ပူဆွေးကြရမှာလား

by မြတ်စုမွန်
14 February 2014
19.1k

အခု နောက်ပိုင်း လူငယ် စုံတွဲ လေးတွေ ကြားထဲမှာ ချစ်သူ များနေ့ကို သွေးသား ဆန္ဒ ဖြည့်ဆည်း ကြတဲ့ နေ့တခုလို သတ်မှတ် လာတယ်လို့ ကျယ်ကျယ် ပြန့်ပြန့် ပြောစမှတ် ပြုလာကြပါတယ်

မရမ်းချောင်းစခန်း, မေတ္တာ ပရဟိတ ဂေဟာ, အနာကြီး ရောဂါသည်, စွန်ပစ်ခံ သက်ကြီးရွယ်အိုများ

မေတ္တာဂေဟာက အစွန့်ပယ်ခံ ဘိုးဘွားများ

by မေစစ်ပိုင်
30 January 2014
4.7k

“မိသားစု ဆိုတာလည်း မရှိတော့ဘူး၊ သိလည်း မသိတော့ဘူး၊ ကျနော်က အပယ်ခံ ဖြစ်ခဲ့တယ်” လို့ ကျလာတဲ့ မျက်ရည် တွေကို သုတ်ရင်း ပြောပြသူကတော့

Next Post
အနုပညာ, ထူးအိမ်သင်, အမေသီချင်းများ

ကရုဏာတရားနဲ့ ရက်ဖွဲ့ထားတဲ့ မေတ္တာတော်ဘွဲ့

မြန်မာနိုင်ငံတောင်ပိုင်းတွင် ခရမ်းလွန်ရောင်ခြည် သင့်နိုင်

Please login to join discussion
No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate