သတင်းတို

မြန်မာနိုင်ငံတောင်ပိုင်းတွင် ခရမ်းလွန်ရောင်ခြည် သင့်နိုင်

This article has been converted from Zawgyi One to Unicode

ဖော်ဝါရီ ၂၈ ရက်နေ့ မှ မတ် ၃ ရက်နေ့ အတွင်း  မြန်မာနိုင်ငံ တောင်ပိုင်း ရန်ကုန်မြို့ အပါအဝင် မြစ်ဝကျွန်းပေါ် ဒေသများ၌ ခရမ်းလွန်ရောင်ခြည် သင့်နိုင်သည့် အခြေအနေ ရှိနေကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ၎င်းဖေ့စ်ဘုတ် စာမျက်နှာမှ အသိပေးနှိုးဆော်ထားသည်။ ယင်း နေ့ရက်များတွင် မနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီအတွင်း နေရိပ်ထဲတွင် နေထိုင်ရန် လိုကြောင်း၊ အပြင်ထွက်လျှင် နေကာမျက်မှန်၊ လုံခြုံသည့် အဝတ်အစားများ၊ အနားကျယ်ပြန့်သည့် ဦးထုတ်ဆောင်းရန်လိုကြောင်း နှိုးဆော်ထားသည်။ ခရမ်းလွန်ရောင်ခြည် သင့်မှုသည် လက်ရှိမှာ မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ အပေါ်ရောက်ရှိနေပြီး၊ မြောက်ဘက်ဒေသများ ဖြစ်သည့် မြစ်ကြီးနား၊ ပူတာအိုမြို့များ အထိ ရွေ့လာမှာဖြစ်ကြောင်း၊ မေလ မိုးမကျမီအထိ ခရမ်းလွန်ရောင်ခြည်သင့်မှုကို သတိပြုကြရန်လိုကြောင်း သိရသည်။

Loading