သတင်းတို
နော်ဝေ က လျှပ်စစ်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး လုပ်ကိုင်ရန် ဆွေးနွေး
This article has been converted from Zawgyi One to Unicode
သမ္မတ ဦးသိန်းစိန်သည် နော်ဝေနိုင်ငံခြားရေး ဝန်ကြီး Mr. Borge BRENDE နှင့် ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ယင်သို့ တွေ့ဆုံရာတွင် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်များတွင် နော်ဝေနိုင်ငံက ကူညီဆောင်ရွက်ပေးမှု၊ ရေအားလျှပ်စစ် ကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပတ်ဝန်းကျင် ထိန်သိမ်းရေး ကဏ္ဍများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးကြောင်း သိရသည်။