အာရှဖွံ့ဖြိုးရေး ဘဏ် (ADB) က မြန်မာနိုင်ငံ မြို့များတွင် မိလ္လာစနစ် ကောင်းမွန်ရေး၊ ရေကောင်းရေသန့် ရရှိရေး အတွက် အမေရိကန် ဒေါ်လာ ၄ သန်း ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ရေအိမ်သာ ၂၀၀၀ တည်ဆောက်မည် ဖြစ်ကြောင်း၊ မြို့တွင်း ရေဆိုးမြောင်း တူးဖော်ရေး လုပ်ငန်းများကို ၂၀၁၈ ခုနှစ် အတွင်း အပြီး လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။ လက်ရှိ အခြေအနေတွင် မိလ္လာစနစ်မှာ ဆိုးဆိုးဝါးဝါး ဖြစ်နေပြီး ရေနုတ်မြောင်းများကလည်း ရေစီးမမှန် ရေလျှံသည့် အနေအထားများ ရှိနေကြောင်း၊ ယင်းတို့ကြောင့် စီးပွားရေး အခွင့်အလမ်း ကို ပိတ်ဆို့ထား သကဲ့သို့ ဖြစ်နေကြောင်း ADB ဘဏ်၏ အရှေ့တောင် အာရှရေးရာဌာန၊ လူမှုဆက်ဆံရေး အရာရှိ Linda Adams က ပြောဆို သည်။ မြန်မာနိုင်ငံတွင် ၁၉၈၀ နှင့် ၁၉၉၀ ပြည့်နှစ်များတွင် မြို့ပြနေရာ ချထားပေးမှုများ လုပ်ဆောင်ခဲ့သော်လည်း မြို့ပြသို့ ပြောင်း ရွှေ့နေထိုင်မှု မြင့်မားလာခြင်းကြောင့် အခြေခံကျသည့် ရေအိမ်သာ လုံလောက်မှု၊ ရေနုတ်မြောင်း စီးဆင်းမှုနှင့် ရေကောင်း ရေသန့် ရရှိရေးသည် ဝန်ထုပ်ဝန်ပိုး အဖြစ်ရှိနေကြောင်း ADB က ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။