၁၄ ကြိမ်မြောက် ဘင်းမ်စတက် ဝန်ကြီးများ အစည်းအဝေးမှ သီရိလင်္ကာ သံအမတ်ကြီး မစ္စတာ ဆုမစ်နကန်ဒါလ (Mr. Sumithe Nakadala) အား ပထမဆုံး အတွင်းရေးမှူးချုပ် ခန့်အပ်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။ ယမန်နေ့က နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာ၌ ပြုလုပ်သည့် ယင်း အစည်းအဝေးတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊ စွမ်းအင်၊ သယ်ယူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ ငါးလုပ်ငန်း၊ စိုက်ပျိုးရေး၊ ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်နှင့် ဘေးအန္တရာယ် စီမံခန့်ခွဲရေး၊ ပြည်သူ့ကျန်းမာရေး၊ ပြည်သူအချင်းချင်း ထိတွေ့ ဆက်ဆံရေး၊ ဆင်းရဲမှု လျှော့ချရေး၊ အကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော် မှုခင်း တိုက်ဖျက်ရေး၊ ရာသီဥတု ပြောင်းလဲမှု စသည့် ကဏ္ဍ ၁၄ ခု ဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြ ထားသည်။ ဘင်းမ်စတက် အတွင်းရေးမှူးချုပ်ရုံးကိုလည်း မေလအတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒက္ကာမြို့တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။