ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနှင့် သမ္မတ ဦးသိန်းစိန် ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံကြောင်း သိရသည်။ ယင်း သို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေး၊ လေကြောင်း၊ ရေကြောင်း နှင့် ကုန်းလမ်းခရီးဆက်သွယ်မှုတိုးမြှင့်ရေး၊ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ တားဆီးရေး၊ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ ဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သည် မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ်တွင် ပထမ အကြိမ် လာရောက်ခဲ့ပြီး ယခု အကြိမ်သည် ဒုတိယအကြိမ် ဖြစ်သည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် သံတမန် ဆက်ဆံမှု သက်တမ်း ၄၂ နှစ် ရှိပြီ ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။