သမ္မတ ဦးသိန်းစိန်နှင့် အိန္ဒိယဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံကြောင်း သိရသည်။ ယင်းသို့ တွေ့ဆုံရာ၌ သတင်းအချက်အလက် နည်းပညာ၊ ပညာရေး၊ စိုက်ပျိုးရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး နည်း ပညာ အကူအညီပေးရေး၊ စွမ်းအင်ကဏ္ဍနှင့် ဘဏ်လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင် ရွက်ရေး၊ နယ်စပ်ဒေသလုံခြုံရေး၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ၊ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ကိစ္စရပ်များ ဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။ အိန္ဒိယဝန်ကြီးချုပ်သည် ၂၀၁၂ ခုနှစ် မေလအတွင်းက မြန် မာ နိုင်ငံသို့ ပထမအကြိမ် အလည်အပတ် ရောက်ရှိခဲ့ပြီး ယခု ခရီးစဉ်သည် ဒုတိယ အကြိမ်ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။