ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်တွင်း သတင်းမီဒီယာများနှင့် ပထမဆုံး အကြိမ် တွေ့ဆုံမည် ဖြစ် ကြောင်း မြန်မာနိုင်ငံ အာဆီယံရေးရာ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပမည့် ၁၁ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေး ဦးစီးချုပ်များ အစည်းအဝေး၏ အလွတ်သဘော သတင်းစာ ရှင်း လင်း ပွဲသို့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မည် ဖြစ်ကြောင်း၊ ယင်း အစည်းအဝေးကို မတ် ၄ ရက် မှ ၆ ရက် အထိ နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်၌ ကျင်းပမည် ဖြစ်ကြောင်း၊ အလွတ်သဘော သတင်းစာ ရှင်းလင်းပွဲကို မတ် ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။ မြန်မာစစ်တပ်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဟု အစီရင်ခံစာ တချို့တွင် ဖော်ပြထားခြင်းများ ရှိကြောင်း ယနေ့ထုတ် 7 day သတင်းစာက ရေးသားသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၁၂ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး ဖြစ်လာခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။