တပ်မတော်က အမျိုးသားနိုင်ငံရေးတွင် အစဉ်တစိုက် ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်ရန် ဟူသည့် အချက်ကို ပြင်ဆင်ရန် NLD က ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ ပေးပို့ထားကြောင်း သိရသည်။ အမျိုးသား နိုင်ငံရေးကို အဖွဲ့အစည်းတရပ်က အစဉ်တစိုက် ဦးဆောင်သည် ဆိုသည်မှာ မဖြစ်သင့်ကြောင်း၊ လွှတ်တော် နိုင်ငံရေးတွင်လည်း တပ်မတော် ပါဝင်နေခြင်းသည်လည်း ဒီမိုကရေစီ စံနှုန်းနှင့် ကိုက်ညီမှု မရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များကိုလည်း သမ္မတ က ခန့်အပ် တာဝန်ပေးခြင်း မပြုရန်နှင့် သက်ဆိုင်ရာ လွှတ်တော်များကသာ ခန့်အပ် သင့်ကြောင်း အပါအဝင် ဒီမိုကရေစီ စံနှုန်းနှင့် မကိုက်ညီသည့် အချက်ပေါင်း ၁၆၀ ကျော်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ အကြံပြု တင်ပြ ထားသည်ဟု ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။